ထိုင်းဒုဝန်ကြီးချုပ်ပြော

August 3, 2019

ဘန်ကောက်ဗုံးပေါက်ကွဲမှု သံသယရှိသူ ၂ ဦး ဖမ်းထားဟု ထိုင်းဒုဝန်ကြီးချုပ်ပြော

သြဂုတ် ၂ ရက်နေ့ ဘန်ကောက်မြို့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ အမျိုးသား နှစ်ယောက်ကို ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝပ် ဝမ်ဆူဝမ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။   ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ဌာနချုပ်ရှေ့မှာ ဗုံးတုထားတဲ့ သံသယနဲ့ သူတို့နှစ်ဦးကို ချွန်ဖွန်ခရိုင် ပတ်ထုံဖွန် ရဲစစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့ပါတယ်။ သြဂုတ် ၂ ရက်နေ့ညက ထိုင်းတော်ဝင် ရဲဌာနချုပ်ရှေ့မှာ  သံသယဖြစ်ဖွယ်အထုပ်တခုကို တွေ့ရှိခဲ့တာပါ။ အဲဒီအထုပ်ထဲမှာ အာလူးကြော်ဘူးနဲ့ အအေးဘူးတွေကို လက်လုပ်ဗုံးသဖွယ် ဖန်တီးထားပါတယ်။  အဲဒီဘူးထဲမှာ စနက်တံ၊ ဆားကစ်ပြားနဲ့ ဘောစေ့တွေကို တွေ့ရှိပေမယ့် ဖောက်ခွဲရေး ပစ္စည်းကို မတွေ့ခဲ့ဘူးလို့ The Nation သတင်းက ဆိုပါတယ်။  CCTV  ဗွီဒီယိုထဲမှာ လူနှစ်ယောက်ကို တွေ့ရပြီး တယောက်က ရဲဌာနချုပ်မှာ အဲဒီဘူးတွေ လာထားစဉ် ကျန်တယောက်က အခြေအနေကို စောင့်ကြည့်နေတာ တွေ့ရပါတယ်။  အဲဒီနောက် သူတို့နှစ်ယောက်ဟာ မိုးပျံရထားပေါ် ဆုံကြပြီးနောက် ရှော့ပင်းမောလ်တခုအတွင်း ဝင်သွားခဲ့ပါတယ်။  အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး ကျင်းပနေတဲ့  ဘန်ကောက်မြို့မှာ သြဂုတ် ၂ ရက်နေ့က အသေးစားပေါက်ကွဲမှု ၆ ခု ဖြစ်ခဲ့ပြီး လူ ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
Zawgyi Version ဘန္ေကာက္ဗုံးေပါက္ကြဲမႈ သံသယရွိသူ ၂ ဦး ဖမ္းထားဟု ထိုင္းဒုဝန္ႀကီးခ်ဳပ္ေျပာ DVB ၾသဂုတ္ ၂ ရက္ေန႔ ဘန္ေကာက္ၿမိဳ႕ ေပါက္ကြဲမႈေတြနဲ႔ ပတ္သက္ၿပီး သံသယရွိသူ အမ်ိဳးသား ႏွစ္ေယာက္ကို ဒီကေန႔ ဖမ္းဆီးလိုက္တယ္လို႔ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ ပရာဝပ္ ဝမ္ဆူဝမ္က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ ထိုင္းေတာ္ဝင္ ရဲတပ္ဖြဲ႕ ဌာနခ်ဳပ္ေရွ႕မွာ ဗုံးတုထားတဲ့ သံသယနဲ႔ သူတို႔ႏွစ္ဦးကို ခြၽန္ဖြန္ခ႐ိုင္ ပတ္ထုံဖြန္ ရဲစစ္ေဆးေရးဂိတ္မွာ ဖမ္းမိခဲ့ပါတယ္။ ၾသဂုတ္ ၂ ရက္ေန႔ညက ထိုင္းေတာ္ဝင္ ရဲဌာနခ်ဳပ္ေရွ႕မွာ  သံသယျဖစ္ဖြယ္အထုပ္တခုကို ေတြ႕ရွိခဲ့တာပါ။ အဲဒီအထုပ္ထဲမွာ အာလူးေၾကာ္ဘူးနဲ႔ အေအးဘူးေတြကို လက္လုပ္ဗုံးသဖြယ္ ဖန္တီးထားပါတယ္။ အဲဒီဘူးထဲမွာ စနက္တံ၊ ဆားကစ္ျပားနဲ႔ ေဘာေစ့ေတြကို ေတြ႕ရွိေပမယ့္ ေဖာက္ခြဲေရး ပစၥည္းကို မေတြ႕ခဲ့ဘူးလို႔ The Nation သတင္းက ဆိုပါတယ္။ CCTV  ဗြီဒီယိုထဲမွာ လူႏွစ္ေယာက္ကို ေတြ႕ရၿပီး တေယာက္က ရဲဌာနခ်ဳပ္မွာ အဲဒီဘူးေတြ လာထားစဥ္ က်န္တေယာက္က အေျခအေနကို ေစာင့္ၾကည့္ေနတာ ေတြ႕ရပါတယ္။ အဲဒီေနာက္ သူတို႔ႏွစ္ေယာက္ဟာ မိုးပ်ံရထားေပၚ ဆုံၾကၿပီးေနာက္ ေရွာ့ပင္းေမာလ္တခုအတြင္း ဝင္သြားခဲ့ပါတယ္။ အာဆီယံႏိုင္ငံျခားေရး ဝန္ႀကီးေတြ အစည္းအေဝး က်င္းပေနတဲ့  ဘန္ေကာက္ၿမိဳ႕မွာ ၾသဂုတ္ ၂ ရက္ေန႔က အေသးစားေပါက္ကြဲမႈ ၆ ခု ျဖစ္ခဲ့ၿပီး လူ ၄ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။
2 years Ago
Up