ထိုင်းထီပေါက်

February 17, 2021

ချင်းမိုင်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီ ပထမဆုပေါက်

ချင်းမိုင်မှ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီ ပထမဆုပေါက်

ဒီဗွီဘီ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲက မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းထီပထမ ဆုပေါက်ပြီး  ဘတ်ငွေ ၆ သန်းရရှိမှာဖြစ်ပါတယ် ။ 

မြန်မာနိုင်ငံကနေ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ထဲမှာ လာပြီးအလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်ရွယ်ရှိ  စိုင်းအွန် ခေါ် ခွန်အောင်ပြည့် ဆိုသူမှာ မနေ့ကထွက်သွားတဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၄၂၄၆၀၃ ကို ပေါက်ကြောင်း ဆန်ကမ်ဖဲင်းမြို့နယ်ရဲစခန်းမှာ လာ ရောက်အကြောင်းကြားခဲ့တယ်လို့  ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

စခန်းမှူးကလည်း ရဲစခန်းမှာမှတ်တမ်းတင်ထားပေးပြီး ဝမ်းမြောက်ကြောင်းပြောကြားကာ ထီပေါက်သူ စိုင်းအွန်ကလည်း သူဟာ လစဉ်ထီအနည်းအကျဉ်းသာထိုးလေ့ရှိကြောင်း ၊ ဒီတခေါက် ပထမဆုရတော့ အလွန်ဝမ်းသာပြီး ထီပေါက်တဲ့ငွေတွေကို မြန်မာပြည်က မိဘဆီပြန်ပို့ပေး မှာဖြစ်ကာ တချို့ကိုတော့ ထိုင်းမှာနေစဉ် သုံးစွဲဖို့ သိမ်းထားကြောင်း ၊ လောလောဆယ် မြန်မာပြည်ပြန်လို့လည်းမရသေးတာကြောင့် ထိုင်းမှာဘဲနေပြီး လုပ်မြဲအလုပ်ကိုဘဲ ဆက်လုပ်သွား မယ်လို့ ပြောသွားပါတယ်။ 

2 years Ago

November 4, 2020

မြန်မာရွေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ထိုင်းထီပထမဆု ၂ စောင်ပေါက်၊ ဘတ်ငွေ ၁၂ သန်းရရှိ

နိုဝင်ဘာ ၁ ရက်နေ့က ထွက်သွားတဲ့ ထိုင်းထီပေါက်စဉ် ပထမဆု ပေါက်ဂဏန်းမှာ မြန်မာနိုင်ငံကနေ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ အလုပ်လာလုပ်နေတဲ့ မြန်မာရွေ့ပြောင်း လုပ်သား ဇနီး မောင်နှံက ပထမဆု ၂ စောင်လုံး ပေါက်ပြီး ဆုကြေးငွေ ထိုင်းဘတ် ၁၂ သန်း ရရှိသွားပါတယ်။  အဆိုပါ ဇနီးမောင်နှံမှာ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေပြီး စက်ရုံရှေ့မှာလာရောင်းတဲ့ ထီ သည်ကနေ ၂ စောင်ဝယ်ထားရာက ၂ စောင်လုံး ပထမဆုပေါက်သွားတာလို့ ဆုငွေထုတ်ယူရေးမှာ လိုက်လံကူညီပေးနေတဲ့ အေအေစီ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။  “သူတို့ ထီပေါက်တဲ့အကြောင်း မနေ့က ကျနော်တို့အဖွဲ့ဆီ ဆက်သွယ်အကြောင်းကြား လာပါ တယ်ခင်ဗျ။ အဲဒါနဲ့ သွားကြိုလာပြီး လုံခြုံတဲ့တစ်နေရာမှာ ထားထားပါတယ်။ ပြီးတော့ သူတို့ဆုငွေ ကို စနစ်တကျနဲ့ထုတ်ပေးရမယ်လေ၊ မြန်မာပြည်သားသပ်သပ်သွားထုတ်မယ်ဆိုရင် ၁၂ သန်းကို လုံးကနဲ မပေးဘူး။ ၂ ရက် ၃ ရက်နေမှ ၁ သန်း ၂ သန်း အဲလိုမျိုးပေးတာကို၊ တစ်ရက်တည်း အပြီးရဖို့ ဆောင်ရွက်ပေးရမယ့်အပိုင်းတွေရှိတယ်။” ထီပေါက်တဲ့ဇနီးမောင်နှံဟာ ကိုစိန်မြင့်နဲ့ မလွမ်းပို ဆိုသူဖြစ်ပြီး မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ် အောင်ချမ်းသာကျေးရွာကနေ ထိုင်းမှာ လာရောက် အလုပ်လာလုပ်နေတာ ၇ နှစ်လောက် ရှိပြီဖြစ်ပါတယ်။ ထီပေါက်သူ ကာယကံရှင်တွေနဲ့တော့ တိုက်ရိုက်မေးမြန်းလို့ မရသေးပေမဲ့ ကံထူးရှင် ဇနီးမောင်နှံဟာ အခုလိုထီပေါက်တဲ့အတွက် ထိုင်းမှာ ဆက်မနေတော့ဘဲ မြန်မာပြည်ပြန်ပြီး ဥယျာဉ်ခြံမြေဝယ်ကာ ကိုယ်ပိုင်လုပ်ကိုင်စားသောက်ဖို့ရှိနေသလို အလှူကြီးပေးဖို့ရှိတယ်လို့ လည်း  အေအေစီအဖွဲ့ကို  ပြောပါတယ်။ အေအေစီ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ထီပေါက်တဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေ ဆုငွေအဆင်ပြေစွာထုတ်ယူနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တာဟာ ပထမဆုရသူပေါင်း အယောက် ၂၀ ရှိသွားပြီ ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့ကလည်း  ရန်ကုန်ကလာတဲ့ သင်္ဘောသားတစ်ယောက် ထိုင်းထီ ၂ စောင်တွဲ ဘတ် ၄ သိန်းဖိုးပေါက်လို့  ကူညီငွေထုတ်ပေး ခဲ့ရပါတယ်။  ဓာတ်ပုံ-  အေအေစီ မြန်မာအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့
2 years Ago
Up