ထိုင်းတောင်ပိုင်

A d v e r t i s e m e n t With Us

December 3, 2020

ထိုင်းတောင်ပိုင်းတွင် မိုးသည်း ရေကြီးပြီး  ၅ ဦးထက်မနည်းသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်းက ခရိုင်အတော်များများမှာ မုတ်သုန်နှောင်းပိုင်းမိုးက သည်းကြီး မည်းကြီးရွာလို့ လမ်းတွေပေါ်မှာ လူ့ခါးလောက်အနက်ထိ ရေကြီးခဲ့ပြီး ရုတ်တရက် ရေကြီးတဲ့ အတွက် ဒီဇင်ဘာ ၃ ရက်မှာ လူ ငါးဦးထက် မနည်း သေဆုံးပါတယ်။ နခွန်စီသမရတ်နယ်မှာ ဒီဇင်ဘာ ၂ ရက်ညက ဆေးရုံဝင်ပေါက်ထဲကို ရေတွေ စီးဝင်လာပုံကို ဒေသခံ မီဒီယာက ပြသခဲ့ပါတယ်။  လူငါးသိန်းလောက် ရေဘေးသင့်ခဲ့ပြီး ငါးယောက် သေဆုံးတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ဒီနေ့‌တော့ ရေပြန်ကျသွားပြီလို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
3 months Ago

January 4, 2020

နိုင်ငံကူးလက်မှတ်အတုဖြင့် ထိုင်းနိုင်ငံထဲဝင်လာသည့် မြန်မာ ၂၁ ဦး ဖမ်းဆီးခံရ

ထိုင်းတောင်ပိုင်း နာရသီဝပ်ခရိုင် နဲ့  ဆုန်ခလာခရိုင်တွေမှာ နိုင်ငံကူး လက်မှတ်အတုကိုင်ပြီး ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းလ၀က ရဲတပ်ဖွဲ့က ပြောပါတယ်။ ပထမဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဘန်ကောက်ကနေ နရသီဝပ်ခ ရိုင်ဘက်ကိုသွားမယ့် ခရီးသည်တင်ကားတစီးကို တာဝန်ရှိသူတွေက စစ်ဆေးစဉ် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ခရီးသည်အမျိုးသား ၇ ဦးကို တွေ့ရှိကြောင်း၊ ဒါပေမယ့် သူတို့စာအုပ်တွေကို ဘိုင်အိုမက်ထရစ်နည်းနဲ့ စစ်ဆေးရာမှာ စာအုပ်ထဲက အမည်နဲ့  ဓာတ်ပုံတွေဟာ ကိုင်ဆောင်သူတွေနဲ့ ကိုက်ညီမှုမရှိတာကို တွေ့ရတယ်လို့ ထိုင်းလ၀ ကရဲချုပ် ဆုန်ဖုန်း ချင်ဒုန်းက ဘန်ကောက် လ၀ကရုံးချုပ်မှာ ဇန်နဝါရီ ၃ ရက်နေ့က ပြလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အဆိုပါ ၇ ဦးကလည်း သူတို့ဟာ ထိုင်းကနေတဆင့် မလေးရှားဘက်ကို အလုပ်သွားလုပ်ချင်လို့ ရောက်လာတာဖြစ်ကြောင်း၊ ပတ်စပို့စာအုပ်တွေကို ပွဲစားကလုပ်ပေးတာဖြစ်ပြီး ထားဝယ်ကနေ ရလာခဲ့တာလို့ ဝန်ခံပြောကြားပါတယ်။  နောက်ထပ်ဖြစ်စဉ်တခုကလည်း ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ မမှန်ကန်သော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း၊ သူတို့တတွေဟာ ထိုင်-မြန်မာနယ်စပ် တောလမ်းကနေတဆင့် ဝင်ရောက်လာရာမှာ ဟတ်ယိုင်မြို့ အဝေးပြေးကားဂိတ်မှာ တာဝန်ရှိသူတွေက မှတ်ပုံတင်စစ်ဆေးစဉ်  ပတ်စပို့စာအုပ်နဲ့ ကိုင်ဆောင်သူ ကိုက်ညီမှုမရှိတာကြောင့် သူတပါးရဲ့ စာအုပ်ကို ကိုင်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။  သူတို့ဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာဖို့အတွက် ပွဲစားကို တဦးလျှင် ကျပ်ငွေ ၁၁ သိန်း (ထိုင်းဘတ် ၂၂၀၀၀) စီပေးခဲ့ရကြောင်း၊ အဆိုပါ နိုင်ငံကူးလက်မှတ်ကိုလည်း ပွဲစားက စီစဉ်ပေးတာဖြစ်ကြောင်း ဝန်ခံသွားပါတယ်။  သူတို့အားလုံးကို စာရွက်စာတမ်းအတုကိုင်ဆောင်မှု၊ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ အရေးယူသွားမယ်လို့ ထိုင်းလ၀က ရဲချုပ်က ပြောသွားပါတယ်။  ကိုးကား- မန်နေဂျာအွန်လိုင်း 
1 year Ago
Up