ထိုင်းတပ်မတော်

August 14, 2019

မြန်မာ ရေဘေးဒုက္ခသည်များအတွက် ထိုင်းတပ်မတော်က ဘတ်ငွေ သိန်း ၄၀ ဖိုးလှူဒါန်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲက ရေကြီးရေလျှံ၊ မြေပြို သဘာဝဘေးနဲ့  ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ထိုင်းတပ်မတော် စစ်တိုင်းဒေသ အမှတ် ၃ နဲ့ ဌာနဆိုင်ရာ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေပူး ပေါင်းပြီး ဘတ်ငွေ သိန်း ၄၀ ဖိုး ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်လှူဒါန်းပါတယ်။  ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲကို သြဂုတ် ၁၃ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့ ထာ့ဆိုင်လုတ်ရပ်ကွက်ရှိ ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားပေါ်မှာ ကျင်းပခဲ့ပါတယ်။ ထိုင်းဘက်ခြမ်းက အမှတ် ၃ စစ်တိုင်းဒေသ ကိုယ်စား နရဲဆွန်ခြေလျင်တပ် တပ်မမှူး ဗိုလ်ချုပ်အဖိချိတ် ဆုဆတ်က ပေးအပ်ခဲ့ပြီး မြန်မာဘက်ခြမ်းက အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စား အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်- ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် နေမျိုးဇော်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း  ရေဘေး ဒုက္ခသည်တွေအတွက် ထည့်ဝင်လှူဒါန်းကြသလို ထိုင်းပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကလည်း  ပူးပေါင်းလှူဒါန်းကြတာပါ။ ထိုင်းဘက်က ပေးအပ်တဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေထဲမှာ အဝတ်အထည်၊ လက်နှိပ်ဓာတ်မီး၊ သောက်ရေသန့်၊ ဆန်နဲ့ စားသောက်ကုန်တွေ၊ ဆေးဝါးတွေ ပါဝင်ပါတယ်။  အဆိုပါ ပစ္စည်းတွေကို ထိုင်းတပ်မတော် စစ်တိုင်းဒေသ အမှတ် ၃ နဲ့ တာ့ခ်ရိုင် ၅ မြို့နယ်တွင်းရှိ အုပ်ချုပ်ရေးဌာန၊ လဝက၊ အကောက်ခွန်၊ ရဲ စတဲ့ ဌာနဆိုင်ရာတွေ၊ တာ့ခ်ခရိုင် လုပ်ငန်းရှင်များအဖွဲ့နဲ့ ကုန်သည်ကြီးများအသင်းတို့ စုပေါင်းထည့်ဝင်လှူဒါန်းတာလို့ northernnewsthailand သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းပေးအပ်ပွဲကို  မြန်မာဘက်ခြမ်းက စစ်တပ်အရာရှိတွေအပြင် မြဝတီမြို့က ဌာနဆိုင်ရာ အကြီးအကဲတွေ၊ စည်ပင်နဲ့ လ.ဝ.ကအရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ  တက်ရောက်ကြပါတယ်။ ဓာတ်ပုံ- Northern News Thailand ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ျမန္မာ ေရေဘးဒုကၡသည္မ်ားအတြက္ ထိုင္းတပ္မေတာ္က ဘတ္ေငြ သိန္း ၄၀ ဖိုးလႉဒါန္း ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္ထဲက ေရႀကီးေရလွ်ံ၊ ေျမၿပိဳ သဘာဝေဘးနဲ႔  ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ျပည္သူေတြအတြက္ ထိုင္းတပ္မေတာ္ စစ္တိုင္းေဒသ အမွတ္ ၃ နဲ႔ ဌာနဆိုင္ရာ၊ ပုဂၢလိက အဖြဲ႕အစည္းေတြပူး ေပါင္းၿပီး ဘတ္ေငြ သိန္း ၄၀ ဖိုး ေထာက္ပံ့ေရးပစၥည္းေတြ ေပးအပ္လႉဒါန္းပါတယ္။ ေထာက္ပံ့ပစၥည္း ေပးအပ္ပြဲကို ၾသဂုတ္ ၁၃ ရက္က တာ့ခ္ခ႐ိုင္ မဲေဆာက္ၿမိဳ႕ ထာ့ဆိုင္လုတ္ရပ္ကြက္ရွိ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးတံတားေပၚမွာ က်င္းပခဲ့ပါတယ္။ ထိုင္းဘက္ျခမ္းက အမွတ္ ၃ စစ္တိုင္းေဒသ ကိုယ္စား နရဲဆြန္ေျခလ်င္တပ္ တပ္မမႉး ဗိုလ္ခ်ဳပ္အဖိခ်ိတ္ ဆုဆတ္က ေပးအပ္ခဲ့ၿပီး ျမန္မာဘက္ျခမ္းက အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ ကိုယ္စား အမွတ္ ၁၃ စစ္ဆင္ေရးကြပ္ကဲေရးဌာနခ်ဳပ္- ကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ ေနမ်ိဳးေဇာ္က လက္ခံရယူၿပီး ေက်းဇူးတင္စကား ေျပာၾကားခဲ့ပါတယ္။ ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကလည္း  ေရေဘး ဒုကၡသည္ေတြအတြက္ ထည့္ဝင္လႉဒါန္းၾကသလို ထိုင္းျပည္သူေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ကလည္း  ပူးေပါင္းလႉဒါန္းၾကတာပါ။ ထိုင္းဘက္က ေပးအပ္တဲ့ ေထာက္ပံ့ကူညီေရးပစၥည္းေတြထဲမွာ အဝတ္အထည္၊ လက္ႏွိပ္ဓာတ္မီး၊ ေသာက္ေရသန႔္၊ ဆန္နဲ႔ စားေသာက္ကုန္ေတြ၊ ေဆးဝါးေတြ ပါဝင္ပါတယ္။ အဆိုပါ ပစၥည္းေတြကို ထိုင္းတပ္မေတာ္ စစ္တိုင္းေဒသ အမွတ္ ၃ နဲ႔ တာ့ခ္႐ိုင္ ၅ ၿမိဳ႕နယ္တြင္းရွိ အုပ္ခ်ဳပ္ေရးဌာန၊ လဝက၊ အေကာက္ခြန္၊ ရဲ စတဲ့ ဌာနဆိုင္ရာေတြ၊ တာ့ခ္ခ႐ိုင္ လုပ္ငန္းရွင္မ်ားအဖြဲ႕နဲ႔ ကုန္သည္ႀကီးမ်ားအသင္းတို႔ စုေပါင္းထည့္ဝင္လႉဒါန္းတာလို႔ northernnewsthailand သတင္းမွာ ေဖာ္ျပပါတယ္။ အဆိုပါ ေထာက္ပံ့ေရးပစၥည္းေပးအပ္ပြဲကို  ျမန္မာဘက္ျခမ္းက စစ္တပ္အရာရွိေတြအျပင္ ျမဝတီၿမိဳ႕က ဌာနဆိုင္ရာ အႀကီးအကဲေတြ၊ စည္ပင္နဲ႔ လ.ဝ.ကအရာရွိေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ  တက္ေရာက္ၾကပါတယ္။ ဓာတ္ပုံ- Northern News Thailand
2 years Ago
Up