အရေးပေါ်အစီအမံများဆိုင်ရာ စွဲချက်တွေနဲ့ အဖမ်းခံရတဲ့ ထိုင်းဆန္ဒပြခေါင်းဆောင် ပတ်ဆာရာဝါလီဟာ အောက်တိုဘာ ၂၂ ရက်မှာ ပြန်လွတ်လာခဲ့ပါတယ်။
စွဲချက်တွေက မပြင်းထန်ဘဲ သူ့အနေနဲ့ ကျောင်းတက် စာမေးပွဲဖြေဖို့ လိုအပ်သေးတယ်ဆိုပြီး တရားရုံးက ယူဆတာမို့ ပြန်လွှတ်ပေးလိုက်တယ်လို့ ပတ်ဆာရာဝါလီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါကြောင့် အာမခံငွေ ပေးစရာမလိုဘဲ အာမခံရခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ပရာယွတ်ကို ရာထူးက ဆင်းပေးဖို့ အချိန် ၃ ရက်ပေးထားပြီး တကယ်လို့ မဆင်းပေးရင် ဆန္ဒပြပွဲတွေ ပိုမိုရင်ဆိုင်ရမယ်လို့ ပတ်ဆာရာဝါလီက အောက်တိုဘာ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။
သူဟာ အောက်တိုဘာ ၁၅ ရက် ဆန္ဒပြပွဲနဲ့ သက်ဆိုင်တဲ့ စွဲချက်တွေနဲ့ နောက်ပိုင်းမှာ အဖမ်း ခံရတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။
ရှေ့နေဖြစ်သူက သူဟာ အရေးပေါ်အစီအမံတွေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံရတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရနဲ့ ဘုရင်စနစ်အပေါ် ဆန့်ကျင်တဲ့ လချီဆန္ဒပြပွဲတွေကို အဆုံးသတ်စေဖို့ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အမိန့်ကို အောက်တိုဘာ ၂၂ ရက်မှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေက လူတွေကို ဒေါသူပုန်ထစေပြီး သောင်းနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြစေ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 months Ago