ထိုင်းစစ်တပ်

May 21, 2021

လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပေါ် မြန်မာစစ်တပ်ကို ထိုင်းစစ်တပ် သတိပေး

ထိုင်းနယ်မြေထဲကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပေါ် ထိုင်းစစ်တပ်က သတိပေးစာပေးပို့သွားမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

မြန်မာစစ်တပ်အနေနဲ့ နောင်မှာ ထိုင်းနယ်မြေတွေထဲ တိုးချဲ့စစ်ဆင်ရေးတွေ မလုပ်ဖို့ ထိုင်း-မြန်မာနယ်စပ်ကော်မတီကတဆင့် သတိပေးစာ ပေးပို့သွားမှာဖြစ်ကြောင်း နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အဖီချက် ဆူးဆက်က ပြောပါတယ်။

ဒါဟာ မနေ့က နေ့လည်ပိုင်းလောက်က မယ်ဟောင်ဆောင်ခရိုင်ထဲက ထိုင်းကျေး ရွာတရွာ ကို မြန်မာစစ်တပ်ကပစ်လိုက်တဲ့  လက်နက်ကြီးကျည်   ၃ လုံး ကျရောက်ခဲ့ အပြီးမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

“နယ်စပ်ကို ကျနော်တို့ မီးခိုးဗုံးတလုံးနဲ့ ပစ်ခတ်ပြီး သူတို့ကို သတိပေးပြီးနောက် သူတို့(မြန်မာစစ်တပ်)ဘက်က ပစ်ခတ်မှု ရပ်သွားခဲ့ပါတယ်”လို့ ဒုတိယဗိုလ်ချုပ်ကြီး အဖီချက်က ပြောပါတယ်။

       ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက် ဒဏ်ရာရတာမျိုးတွေတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

မြန်မာစစ်တပ် အနေနဲ့ အဆိုပါ ကျေးရွာထဲမှာ ကရင်အမျိုးအသားအစည်းအရုံး (ကေအန်ယူ) တပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးခိုလှုံနေတယ်လို့ ယုံကြည်နေတယ်လို့  စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

3 weeks Ago

March 30, 2021

ကရင်စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က ပြန်မောင်းထုတ်

ကရင်စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က ပြန်မောင်းထုတ်DVB ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က မိမိနေရပ်သို့ပြန်ထွက်ခွာဖို့ မောင်းထုတ်လိုက်တယ်လို့ ဒီဖြစ်စဥ်ကို ရုပ်သံ မှတ်တမ်းရိုက်ကူးနေသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ KNU/KNLA တပ်မဟာ ၅ နယ်မြေကို အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကရင်ပြည်သူတွေ ထောင်နဲ့ချီပြီး သံလွင်မြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်မှာ ယာယီ စစ်ပြေးရှောင်ခိုလှုံနေကြတာပါ။

မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ KNU တိုက်ပွဲမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ထိုင်းစစ်တပ်က ကရင်စစ်ဘေးရှောင်တွေကို မြန်မာပြည်ဘက် ပြန်ခိုင်းနေတာဖြစ်တယ်။

3 months Ago
More News
Up