မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ထိုင်းကျန်းမာရေး
Home
ထိုင်းကျန်းမာရေး
A
d
v
e
r
t
i
s
e
m
e
n
t
With Us
April 27, 2020
1.4K
မြန်မာအလုပ်သမားများ ကိုဗစ် ၁၉ ကူးစက်ခံရမှု ထိုင်းကျန်းမာရေးက အကြောင်းမကြားသေးဟု သံအရာရှိပြော
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၅၀ ကျော် ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ အကြောင်းကို သတင်းတွေကနေတဆင့်သာ သိရှိရပြီး ထိုင်းကျန်းမာရေးဌာနက မြန်မာသံရုံးကို သီးသန့် အကြောင်းကြားလာတာ မရှိသေးဘူးလို့ မြန်မာသံအရာရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၂ ဦး COVID-19 ပြင်းထန်းအဆုတ်ရောင်ရောဂါ ကူးစက်ခံနေရတယ်လို့ ထိုင်းပီဘီအက်စ် တီဗွီသတင်းမှာ ဖော်ပြထားတာပါ။
အဆိုပါ ၅၂ ဦးမှာ ဘန်ကောက်ခရိုင် နယ်မြေ ၆ ခုထဲမှာ အလုပ်လုပ်နေသူ ၁၈ ဦးနဲ့ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်အကျဉ်းထောင်ထဲရောက်နေသူ ၃၄ ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ခံရသူအားလုံးကို ထိုင်းအစိုးရက အခမဲ့ကုသပေးနေလို့ အထူးကူညီစရာမလိုဘဲ ကိုဗစ် ၁၉ လူနာဖြစ်တာကြောင့် သွားရောက်ကြည့်ရှုအားပေးလို့လည်း မရဘူးလို့ သံအရာရှိက ပြောပါတယ်။
“ဒီကိုဗစ်ဖြစ်နေတဲ့အနေအထားကျတော့ ဒီထိုင်းနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ဆိုတော့ သူတို့က စပါယ်ရှယ်ကေ့စ်ဖြစ်တဲ့အတွက် တော်ရုံတန်ရုံဝင်ဖို့ ထွက်ဖို့ဆိုတာ မလွယ်ပါဘူး၊ မြန်မာသံရုံးကို သီးသန့်အကြောင်းကြားတာမျိုးမရှိပါဘူး။ ကျနော်တို့ တဖက်နဲ့တဖက်စုံစမ်းတာပဲရှိပါတယ်။ အိုင်ဒီစီထဲမှာ ဖြစ်သွားတဲ့ကိစ္စကို မေးကြည့်တာ သူတို့ကအဲ ဒီလူတွေကို ကျန်းမာရေးဌာနဘက်ကို လွှဲပြောင်းပေးထားတယ်လို့ ပြောတယ်။ သူတို့ကလည်း အခမဲ့ကူညီပေးနေတာ။ အိုင်ဒီစီထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာလည်း ရှိပါတယ်။ ဘန်ကောက်ထဲမှာ ဖြစ်နေတာတွေက ကျနော်တို့မှာက အခက်အခဲလေးတွေက ဘာရှိနေလဲဆိုတော့ ဒီကိုဗစ်က ပုံမှန်ရောဂါမဟုတ်တော့ တော်ရုံတန်ရုံ သွားတွေ့ဖို့က မလွယ်ဘူး။ ကျနော်တို့လည်း သွားရတာခက်ခဲတယ်။ သူတို့ကျန်းမာရေးဌာနက ထုတ်ပြန်မှသာ ကျနော်တို့သိနိုင်တာပါ။”
ဒါ့အပြင် ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ကာလအတွင်း အစိုးရက အရေးပေါ်ကြေညာချက်၊ ကာဖျူးအမိန့်တွေ ထုတ်ပြီး ခရီးသွားလာတာ၊ လူစုလူဝေးနေထိုင်တာ၊ အိမ်ပြင်ထွက်တာ၊ အများပြည်သူဆိုင်ရာ နေရာဌာနတွေ ပိတ်ပင်ထားတာကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်သမား သံအရာရှိရုံးက လူမှုဖူလှုံရေး အာမခံကြေးရအောင် လိုက်လံဆောင်ရွက်ပေးနေသလို ဒေသထဲက အလုပ်သမား ကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အခြေခံစားနပ်ရိက္ခာတွေ လိုက်လံ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံပြန်ဖို့ အမည်စာရင်းပေးတဲ့ အလုပ်သမား ၅၃၀၀ ကျော်ရှိပြီလို့ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၂၂ ဦး၊ သေဆုံးသူ ၅၁ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၂၅၉၄ ဦးရှိတယ်လို့
worldometers
ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
10 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up