ထိုင်းကော်ဖီဆိုင်

March 21, 2020

လူချင်းထိတွေ့မှု ရှောင်ရှားရန် ထိုင်းကော်ဖီဆိုင် ကြိုးစက်သီးသုံး ဝန်ဆောင်မှုပေးနေ

လူတဦးနဲ့တဦး ထိတွေ့တာကို ရှောင်တဲ့အနေနဲ့ ထိုင်းကော်ဖီဆိုင်တခုဟာ ကြိုးနဲ့စက်သီးကို သုံးပြီး ဝန်ဆောင်မှု ပေးနေပါတယ်။ ဒီလိုလုပ်တဲ့အတွက် ဈေးဝယ်သူနဲ့ ဆိုင်ဝန်ထမ်း နှစ်ဦးစလုံး ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်နိုင်ခြေကို လျော့နည်းစေပါတယ်။   Art of Coffee ဆိုင်ပိုင်ရှင်က အဲဒီလို ရောဂါကူးစက်မှုထိန်းချုပ်တဲ့ အိုင်ဒီယာကို တရုတ်ပြည်ကနေ ရတယ်လို့ ဆိုပါတယ်။  တရုတ်ပြည်မှာ အဲဒီနည်းနဲ့ ဗိုင်းရပ်စ်ထိန်းချုပ်တာ အကျိုးများတယ်ဆိုပြီး ကြားသိရတယ်လို့ သူကပြောပါတယ်။  အဲဒီလို စက်သီးတပ်ကြိုးမှာ ထည့်စရာတခုကို ချိတ်ပြီး ကော်ဖီ၊ ငွေစက္ကူနဲ့ ငွေအကြွေတွေကို အပေးအယူလုပ်တာပါ။  ဒါ့အပြင် ပိုးမွှားကူးစက်ရာ ရင်းမြစ်ဆိုပြီး တချို့လူတွေ ယုံကြည်ကြတဲ့ ငွေစက္ကူကို ဆိုင်ဝန်ထမ်းတွေ ထိတွေ့စရာမလိုအောင် အွန်လိုင်းငွေပေးချေမှုနဲ့ ဒါမှမဟုတ် QR code ပေးချေမှုကိုလည်း ဆိုင်က တောင်းဆိုထားပါတယ်။  ဒါဟာ  လူလူချင်း ထိတွေ့မှာ စိုးရိမ်စိတ်ကို ဖယ်ရှားပေးတယ်ဆိုပြီး  ဝယ်သူတွေကလည်း Art of Coffee ဆိုင်ရဲ့ အစီအစဉ်ကို ကြိုဆိုလက်ခံကြတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
2 years Ago
Up