ပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုင်းသုတေသီတွေက လူတွေမှာ စမ်းသပ်ထိုးနှံပေးနေပါတယ်။
မတ်လ ၂၂ ရက်က စတင်ထိုးနှံပေးနေပြီး လာမယ့်နှစ်မှာ ဖြန့်ချိသွားဖို့ ထိုင်းအစိုးရက မျှော်မှန်း ထားပါတယ်။
ပြည်တွင်းထုတ် ကာကွယ်ဆေးဟာ ထိုင်းရဲ့ ကာကွယ်ဆေးမူဝါဒကို ပိုပြီး လွတ်လပ်ခွင့် ပေးလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီး အနူတင်ချာဝီရာကူလ်က ပြောပါတယ်။
နိုင်ငံပိုင်ဆေးဝါးလုပ်ငန်းက မဟီဒေါ တက္ကသိုလ် အပူပိုင်း ဆေးပညာဌာန နောက်ပြီး အမေရိကန် အကျိုးမမြတ်မယူ အဖွဲ့အစည်းတစ်ခုတို့နဲ့ ပေါင်းပြီး ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ကို ဖော်ထုတ်နေတာပါ။
ကာကွယ်ဆေး လူသားစမ်းသပ်မှုအတွက် စေတနာ့ဝန်ထမ်း အယောက် ၄၆၀ ကို ထိုးပေးသွားမယ်လို့လည်း မဟီဒေါတက္ကသိုလ် ဌာနမှူးက ဆိုပါတယ်။
အဲဒီထဲက အယောက် ၂၁၀ ကို ပထမအဆင့်မှာ စမ်းသပ်ထိုးနှံသွားမှာပါ။ အဲဒီနောက် အဆင့် ၂ ကို ဇူလိုင်လမှာ စတင်ပြီး စမ်းသပ်အဖြေတွေကို နှစ်ကုန်မှာ မျှော်လင့်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။