ထိုင်းကာကွယ်ရေးဌာန

August 2, 2019

ထိုင်းကာကွယ်ရေးဌာန အတွင်းဝန်ရုံးအနီး ဖောက်ခွဲရေးပစ္စည်းတခုထပ်တွေ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နေရာ ၃ နေရာလောက်မှာ ဒီနေ့မနက် အသေးစားဗုံးပေါက်ကွဲမှု ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူတွေက မသင်္ကာတဲ့နေရာတွေကို စစ်ဆေးရှာဖွေနေရာမှာ  ထိုင်းကာကွယ်ရေးဌာန အတွင်းဝန်ရုံးအနီး ဖောက်ခွဲရေးပစ္စည်းတခု ထပ်တွေ့ရှိခဲ့ပါတယ်။  မွန်းလွဲပိုင်း  ၁၂ နာရီ ၄၀ မိနစ်မှာ ဒွန်းမောင်းနယ်မြေရှိ ကာကွယ်ရေးဝန်ကြီးဌာန အတွင်း ဝန်ရုံးရှေ့မှာ ပေါက်ကွဲစေသောအရာတစ်ခု ထပ်မံတွေ့ရှိခဲ့တာလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ် ။ ဘန်ကောက်မှာ မနေ့ညနေပိုင်းကတည်းက ဗုံးလန့်မှုဖြစ်ပွားခဲ့ပြီး ထိုင်းအမျိုးသားရဲချုပ်ရုံးအနီးမှာ ဗုံးအတုလာထားသွားတဲ့ လူ ၂ ယောက်ကို ရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးလိုက်ပါတယ် ။ မနေ့ ညနေ ၅ နာရီခွဲလောက်က ဖရလမ်း - ၁ လမ်းမပေါ်ရှိ ထိုင်းအမျိုးသားရဲဌာနချုပ်ရှေ့ ဆိုင်းဘုတ်အောက်မှာ မသင်္ကာဘွယ်လူ ၂ ဦးက အထုပ် ၁ ထုတ်လာထားသွားတာကို တာဝန်ရှိသူတွေက စီစီတီဗွီကင်မရာကနေတဆင့် တွေ့ရှိခဲ့တာပါ။ အဆိုပါအထုပ်ကို မိုင်းရှင်းရေးဌာနက သွားရောက်စစ် ဆေးကြည့်ရှုရာမှာ ဗုံးအသွင်လုပ်ဆောင်ထားတဲ့အရာဖြစ်တာကြောင့် အဆိုပါ လူ ၂ ဦးကို စီစီတီဗွီကင်မရာအတိုင်း လိုက်လံရှာဖွေခဲ့ကြပါတယ်။  စီစီတီဗွီကင်မရာ တွေ့ရှိချက်အရ အထုပ်ထားသူဟာ အင်္ကျီအဝါဝတ်ထားပြီး အင်္ကျီအနက်ဝတ်ထားသူက ကိုယ်နဲ့ကွယ်ပေးထားတာ တွေ့ရပါတယ်။ သူတို့ ၂ ဦးဟာ ကိစ္စပြီးတဲ့နောက် ဆယမ်ပါရာဂွန် ကုန်တိုက်ထဲဝင်ပြီး အင်္ကျီလဲ ပြန်ထွက်လာပြီး တက္ကစီကားနဲ့ မော်ချစ်အဝေးပြေးဂိတ်ကို ဆက်သွားကာ အဆိုပါကားဂိတ်မှာလည်း အဝတ်နောက်တစုံထပ်လဲလိုက်ပါတယ်။ အဲဒီနောက် သူတို့ဟာ ဘတ်စ်ကားနဲ့ ထိုင်းတောင်ပိုင်းဘက်ကို ခရီးထွက်လာပြီး ကနေ့မနက် ၂ နာရီမှာတော့ ချွန်းဖွန်းခရိုင် ချွန်းဖွန်းမြို့ ဝိန်းဖိုင်အုပ်စု ဖစ်ကဆဲမ်လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကနေ သူတို့ ၂ ဦးကို ဖမ်းဆီးလိုက်တာပါ။ လက်ရှိသူတို့ ၂ ဦးကို စစ်ကြောရေးလုပ်ဆောင်နေပြီး မကြာခင်သတင်းစာရှင်းပွဲလုပ်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ ပေါက်ကွဲမှုတွေအတွင်း လမ်းသန့်ရှင်းရေး ဝန်ထမ်း သုံးယောက်နဲ့ လုံခြုံရေး အစောင့်တယောက် စုစုပေါင်း လူလေးယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  လက်ရှိ ဘန်ကောက်မြို့မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒေသတွင်း လုံခြုံရေး  ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပနေပြီး အမေရိကန်၊ တရုတ်အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း ရောက်ရှိနေကြတာပါ။
Zawgyi Version ထိုင္းကာကြယ္ေရးဌာန အတြင္းဝန္႐ုံးအနီး ေဖာက္ခြဲေရးပစၥည္းတခုထပ္ေတြ႕ DVB ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ ေနရာ ၃ ေနရာေလာက္မွာ ဒီေန႔မနက္ အေသးစားဗုံးေပါက္ကြဲမႈ ၆ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး တာဝန္ရွိသူေတြက မသကၤာတဲ့ေနရာေတြကို စစ္ေဆးရွာေဖြေနရာမွာ  ထိုင္းကာကြယ္ေရးဌာန အတြင္းဝန္႐ုံးအနီး ေဖာက္ခြဲေရးပစၥည္းတခု ထပ္ေတြ႕ရွိခဲ့ပါတယ္။ မြန္းလြဲပိုင္း  ၁၂ နာရီ ၄၀ မိနစ္မွာ ဒြန္းေမာင္းနယ္ေျမရွိ ကာကြယ္ေရးဝန္ႀကီးဌာန အတြင္း ဝန္႐ုံးေရွ႕မွာ ေပါက္ကြဲေစေသာအရာတစ္ခု ထပ္မံေတြ႕ရွိခဲ့တာလို႔ ထိုင္းပီဘီအက္စ္သတင္းမွာ ေဖာ္ျပပါတယ္ ။ ဘန္ေကာက္မွာ မေန႔ညေနပိုင္းကတည္းက ဗုံးလန႔္မႈျဖစ္ပြားခဲ့ၿပီး ထိုင္းအမ်ိဳးသားရဲခ်ဳပ္႐ုံးအနီးမွာ ဗုံးအတုလာထားသြားတဲ့ လူ ၂ ေယာက္ကို ရဲတပ္ဖြဲ႕က စုံစမ္းဖမ္းဆီးလိုက္ပါတယ္ ။ မေန႔ ညေန ၅ နာရီခြဲေလာက္က ဖရလမ္း - ၁ လမ္းမေပၚရွိ ထိုင္းအမ်ိဳးသားရဲဌာနခ်ဳပ္ေရွ႕ ဆိုင္းဘုတ္ေအာက္မွာ မသကၤာဘြယ္လူ ၂ ဦးက အထုပ္ ၁ ထုတ္လာထားသြားတာကို တာဝန္ရွိသူေတြက စီစီတီဗြီကင္မရာကေနတဆင့္ ေတြ႕ရွိခဲ့တာပါ။ အဆိုပါအထုပ္ကို မိုင္းရွင္းေရးဌာနက သြားေရာက္စစ္ ေဆးၾကည့္ရႈရာမွာ ဗုံးအသြင္လုပ္ေဆာင္ထားတဲ့အရာျဖစ္တာေၾကာင့္ အဆိုပါ လူ ၂ ဦးကို စီစီတီဗြီကင္မရာအတိုင္း လိုက္လံရွာေဖြခဲ့ၾကပါတယ္။ စီစီတီဗြီကင္မရာ ေတြ႕ရွိခ်က္အရ အထုပ္ထားသူဟာ အက်ႌအဝါဝတ္ထားၿပီး အက်ႌအနက္ဝတ္ထားသူက ကိုယ္နဲ႔ကြယ္ေပးထားတာ ေတြ႕ရပါတယ္။ သူတို႔ ၂ ဦးဟာ ကိစၥၿပီးတဲ့ေနာက္ ဆယမ္ပါရာဂြန္ ကုန္တိုက္ထဲဝင္ၿပီး အက်ႌလဲ ျပန္ထြက္လာၿပီး တကၠစီကားနဲ႔ ေမာ္ခ်စ္အေဝးေျပးဂိတ္ကို ဆက္သြားကာ အဆိုပါကားဂိတ္မွာလည္း အဝတ္ေနာက္တစုံထပ္လဲလိုက္ပါတယ္။ အဲဒီေနာက္ သူတို႔ဟာ ဘတ္စ္ကားနဲ႔ ထိုင္းေတာင္ပိုင္းဘက္ကို ခရီးထြက္လာၿပီး ကေန႔မနက္ ၂ နာရီမွာေတာ့ ခြၽန္းဖြန္းခ႐ိုင္ ခြၽန္းဖြန္းၿမိဳ႕ ဝိန္းဖိုင္အုပ္စု ဖစ္ကဆဲမ္လမ္းေပၚရွိ စစ္ေဆးေရးဂိတ္တစ္ခုကေန သူတို႔ ၂ ဦးကို ဖမ္းဆီးလိုက္တာပါ။ လက္ရွိသူတို႔ ၂ ဦးကို စစ္ေၾကာေရးလုပ္ေဆာင္ေနၿပီး မၾကာခင္သတင္းစာရွင္းပြဲလုပ္မယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က ေျပာေၾကာင္း မန္ေနဂ်ာအြန္လိုင္း ထိုင္းသတင္းမွာ ေဖာ္ျပသြားပါတယ္။ ေပါက္ကြဲမႈေတြအတြင္း လမ္းသန႔္ရွင္းေရး ဝန္ထမ္း သုံးေယာက္နဲ႔ လုံၿခဳံေရး အေစာင့္တေယာက္ စုစုေပါင္း လူေလးေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ လက္ရွိ ဘန္ေကာက္ၿမိဳ႕မွာ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေဒသတြင္း လုံၿခဳံေရး  ထိပ္သီးအစည္းအေဝးကို လက္ခံက်င္းပေနၿပီး အေမရိကန္၊ တ႐ုတ္အပါအဝင္ ကမာၻ႔အင္အားႀကီး ႏိုင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း ေရာက္ရွိေနၾကတာပါ။
2 years Ago
Up