ထိုင်းကပြန်လာသူ ၁ ဦး ထွက်ပြေး

July 12, 2020

မော်လမြိုင်တက္ကသိုလ်တွင် Quarantine ဝင်နေသည့် ထိုင်းကပြန်လာသူ ၁ ဦး ထွက်ပြေး

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ဘားအံအဆောင်မှာ အသွားအလာကန့်သတ်ထားတဲ့ နေရပ်ပြန်တဦး ဇူလိုင် ၁၁ ရက်နေ့က ထွက်ပြေးသွားတယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက DVB ကို ပြောပါတယ်။ နေရပ်ပြန် မောင်စိန် ခေါ် ပေတလူးဟာ ဇူလိုင် ၇ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး မော်လမြိုင်တက္ကသိုလ်ရဲ့ ဘားအံအဆောင်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ထားတာပါ။ အဲဒီလိုစောင့်ကြည့်ထားချိန် ဇူလိုင် ၁၁ ရက်နေ့က သူ့ကို ကိုယ်အပူချိန်တိုင်းဖို့ သွားရောက်ချိန်မှာ ထွက်ပြေးသွားကြောင်း သိရှိခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ မစစ်ဆေးရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ နေရပ်ပြန်ရဲ့ မိသားစုဝင်တွေ နေထိုင်တဲ့ ရေးမြို့နယ်အပါအဝင် သူရဲ့ ဇာတိ ဖြစ်တဲ့ ပဲခူးတိုင်း သနပ်ပင်မြို့တို့ရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဦးဝေလင်းထွန်းက ပြောပါတယ်။
10 months Ago
Up