ထိုင်းကပြန်လာသူ

July 26, 2020

ထိုင်းကပြန်လာသူ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ထိုင်းနိုင်ငံက ပြန်လာတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၅၀ ခုအား စစ်ဆေးချက်အရ လူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။ လူနာသစ်အမှတ် ၃၄၉ ဟာ ထိုင်းနိုင်ငံက ပြန်လာပြီးနောက် မြဝတီမြို့မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ကို ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မနေ့ညက ဓာတ်ခွဲနမူနာ ၁,၁၈၁ ခု စစ်ဆေးရာမှာလည်း အမေရိကန်ကပြန်လာသူ ရန်ကင်းမြို့နယ်နေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ မောင်တောမြို့နေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။  မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၈၈ ဦး၊ အဲဒီထဲက  ဆေးရုံက ဆင်းခွင့်ပြုထားပြီးသူ ၂၆၉ ဦးနဲ့ စောင့်ကြည့်လူနာသစ် အယောက် ၂၀ ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ သန်းကျော်၊ သေဆုံးသူ ၆၄၀၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၉ ဒသမ ၉ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
1 year Ago

June 3, 2020

ညောင်လေးပင်မြို့နေ ထိုင်းကပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ထိုင်းနိုင်ငံက ပြန်လာတဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့က အသွားအလာကန့်သတ်ထားသူ အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်ထားပါတယ်။  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၆၉) ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၀၈၀ ခုအား ဒီနေ့မနက် စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ လူနာသစ် အမှတ် ၂၃၃ ကို ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၃၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၃ ဦးရှိပါတယ်။ ဇွန် ၂ ရက်နေ့အတွက် ဆေးသုတေသနဦးစီးဌာန DMR က ဓာတ်ခွဲနမူနာ ၁၂၉ ခု၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ (၁,၂၉၈)ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၆၉ ခု နဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၈၆၂ ခုအား စစ်ဆေးခဲ့တာပါ။  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လူနာသစ် ၄ ဦး တွေ့ရှိခဲ့ပြီး ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ အိန္ဒိယပြန် အသက် ၂၉ နှစ်အရွယ် အမျိုးသမီး  ၁ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ နေထိုင်တဲ့ တရုတ်နိုင်ငံပြန် အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နေ မလေးရှားပြန်အသက် ၂၃ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နေ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပါတယ်။
1 year Ago
Up