ထိုင်းက

December 26, 2019

မြဝတီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းက မြန်မာကို ဘတ် ၇၇၇ သန်း ချေးငွေပေးမည်

ကရင်ပြည်နယ်၊ မြဝတီမြို့ ဖွံ့ဖြိုးရေးအကူအညီအဖြစ် ထိုင်းနိုင်ငံကနေ  အနိမ့်ဆုံး အတိုးနှုန်းနဲ့ ချေးငွေ ဘတ် ၇၇၇ သန်းကို နှစ် ၃၀ စာချုပ်နဲ့ ချေးပေးသွားဖို့ ရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အိမ်နီးချင်းနိုင်ငံများ စီးပွားတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Neda)ရဲ့ မဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအရ မြန်မာနိုင်ငံဘက်ကို ဘဏ္ဍာငွေအကူအညီပေးရေးဆိုင်ရာ အစည်းအဝေးမှာ အစိုးရက အတည်ပြုလိုက်တာလို့ ထိုင်းအစိုးရလက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရာချဒါသနာဒရက် ပြောပါတယ်။ ဒီချေးငွေဟာ ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်တဲ့ မြဝတီမြို့ရဲ့ အ‌ခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးပေးသွားမှာ ဖြစ်ပြီး အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ နှစ် ၃၀ ချေးငွေဘတ် ၇၇၇ သန်းကို ချေးငွေ ဆိုင်းငံ့ကာလမှာ ၁၀ နှစ် ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ချေးငွေစာချုပ်ပါ စည်းကမ်းချက်တွေအရ စာချုပ်တန်ဖိုးရဲ့ ထက်ဝက်ဟာ ထိုင်းနိုင်ငံဘက်က ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ဖြစ်ရမှာဖြစ်ပြီး ဆောက်လုပ်ရေးနဲ့ စီမံကိန်း အကြံပေးတွေဟာလည်း ထိုင်းနိုင်ငံသားတွေ ဖြစ်ရမှာ ဖြစ်သလို  ဒီစီမံကိန်းကို ထိုင်းနိုင်ငံ ဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ မြဝတီမြို့ဟာ တပ်ခ်ခရိုင် မဲဆောက်မြို့ကတဆင့် မြန်မာနဲ့ ထိုင်းကုန်သွယ်မှုမှာ အဓိကနယ်စပ်မြို့တမြို့ဖြစ်တဲ့အတွက် ထိုင်း-မြန်မာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ မြို့တမြို့ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကနေ နှစ်စဉ်ဘတ်ငွေ ၇၀ ဘီလျံရှိပြီး ဆက်ပြီးတော့လည်း တိုးတက်လာနေတယ်လို့ ရာချဒါက ပြောပါတယ်။ ခုလက်ရှိအတည်ပြုလိုက်တဲ့ မဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ နှစ်နိုင်ငံ စီးပွားရေးဆောင်ရွက်မှုတွေမှာ အထောက်အကူဖြစ်စေမယ့်  အခြေခံအဆောက်အအုံစနစ်တွေ ပိုပြီးကောင်းမွန်လာအောင် အထောက်အကူဖြစ်စေတဲ့အပြင် မြဝတီမြို့မှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
1 year Ago

August 18, 2019

ထိုင်းက ကယ်ဆယ်ထားသည့် ရေဝက်ကလေး သေဆုံး

ထိုင်းနိုင်ငံမှာ ဒီနှစ်အစောပိုင်းက ကယ်ဆယ်ခဲ့တဲ့ မိဘမဲ့ ရေဝက်လေးဟာ သူ့ရဲ့ အစာခြေစနစ်ထဲက ပလတ်စတစ် အစိတ်အပိုင်းတွေကြောင့် သြဂုတ် ၁၇ ရက်က သေဆုံးသွားပါတယ်။ ထိုင်းတွေက ပင်လယ် သတို့သမီးဆိုတဲ့ အဓိပ္ပာယ်နဲ့ မာရီယံလို့ နာမည်ပေးထားတဲ့ ရေဝက်လေးဟာ နိုင်ငံတောင်ပိုင်းက ကရာဘီကမ်းခြေမှာ ဧပြီလက သောင်တင်နေတာကို အာဏာပိုင်တွေက တွေ့ခဲ့တာပါ။ နို့နဲ့ ပင်လယ်ရေညှိုတွေ တိုက်ကျွေး ပြုစုအပြီး သူ့ကို ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ပေမယ့် သူကတော့ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာခဲ့ပါတယ်။  အရင်အပတ်က မာရီယံ နေမကောင်းဖြစ်ပြီး အစာမစားတော့လို့ ကိုယ်အလေးချိန် ကျဆင်းခဲ့တယ်လို့ သူ့ကိုစောင့်ရှောက်နေတဲ့ တိမွေးကု ဆရာဝန်တွေထဲက တယောက်ဖြစ်တဲ့ နန်တာ ရိကာ ချန်ဆူးက ပြောပါတယ်။  မာရီယံ သေဆုံးကြောင်းကို ပင်လယ်နဲ့ ကမ်းရိုးတန်း သယံဇာတဌာနက ကြေညာအပြီး ငါးနာရီ အကြာမှာ တိမွေးကု ဆယ်ယောက်ပါတဲ့ အဖွဲ့က ရင်ခွဲစစ်ဆေးခဲ့တာပါ။ ပလတ်စတစ်တွေကြောင့် သေဆုံးတာလို့ သူတို့က ကောက်ချက်ချခဲ့ကြပါတယ်။ ရေဝက်ဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေအရ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ တိရစ္ဆာန် ၁၉ မျိုးထဲက တမျိုးပါ။  ရေဝက်တွေကို အမဲလိုက်တာနဲ့ ကုန်သွယ်တာတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဒေသတွင်း ပင်လယ်ထဲ အမှိုက်တွေ ပစ်တာကို တိုက်ဖျက်သွားမယ်လို့ ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ က ဇွန်လမှာ ပူးတွဲကြေညာချက် ထုတ်ပြန် ထားပါတယ်။
Zawgyi Version ထိုင္းက ကယ္ဆယ္ထားသည့္ ေရဝက္ကေလး ေသဆုံး DVB ထိုင္းႏိုင္ငံမွာ ဒီႏွစ္အေစာပိုင္းက ကယ္ဆယ္ခဲ့တဲ့ မိဘမဲ့ ေရဝက္ေလးဟာ သူ႔ရဲ႕ အစာေျခစနစ္ထဲက ပလတ္စတစ္ အစိတ္အပိုင္းေတြေၾကာင့္ ၾသဂုတ္ ၁၇ ရက္က ေသဆုံးသြားပါတယ္။ ထိုင္းေတြက ပင္လယ္ သတို႔သမီးဆိုတဲ့ အဓိပၸာယ္နဲ႔ မာရီယံလို႔ နာမည္ေပးထားတဲ့ ေရဝက္ေလးဟာ ႏိုင္ငံေတာင္ပိုင္းက ကရာဘီကမ္းေျခမွာ ဧၿပီလက ေသာင္တင္ေနတာကို အာဏာပိုင္ေတြက ေတြ႕ခဲ့တာပါ။ ႏို႔နဲ႔ ပင္လယ္ေရညႇိဳေတြ တိုက္ေကြၽး ျပဳစုအၿပီး သူ႔ကို ပင္လယ္ထဲ ျပန္လႊတ္ေပးခဲ့ေပမယ့္ သူကေတာ့ ဒဏ္ရာေတြနဲ႔ ျပန္ေရာက္လာခဲ့ပါတယ္။ အရင္အပတ္က မာရီယံ ေနမေကာင္းျဖစ္ၿပီး အစာမစားေတာ့လို႔ ကိုယ္အေလးခ်ိန္ က်ဆင္းခဲ့တယ္လို႔ သူ႔ကိုေစာင့္ေရွာက္ေနတဲ့ တိေမြးကု ဆရာဝန္ေတြထဲက တေယာက္ျဖစ္တဲ့ နန္တာ ရိကာ ခ်န္ဆူးက ေျပာပါတယ္။ မာရီယံ ေသဆုံးေၾကာင္းကို ပင္လယ္နဲ႔ ကမ္း႐ိုးတန္း သယံဇာတဌာနက ေၾကညာအၿပီး ငါးနာရီ အၾကာမွာ တိေမြးကု ဆယ္ေယာက္ပါတဲ့ အဖြဲ႕က ရင္ခြဲစစ္ေဆးခဲ့တာပါ။ ပလတ္စတစ္ေတြေၾကာင့္ ေသဆုံးတာလို႔ သူတို႔က ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။ ေရဝက္ဟာ ထိုင္းႏိုင္ငံရဲ႕ ဥပေဒေတြအရ ထိန္းသိမ္း ေစာင့္ေရွာက္ထားတဲ့ တိရစာၦန္ ၁၉ မ်ိဳးထဲက တမ်ိဳးပါ။ ေရဝက္ေတြကို အမဲလိုက္တာနဲ႔ ကုန္သြယ္တာေတြကို တားျမစ္ပိတ္ပင္ထားပါတယ္။ ေဒသတြင္း ပင္လယ္ထဲ အမႈိက္ေတြ ပစ္တာကို တိုက္ဖ်က္သြားမယ္လို႔ ထိုင္းႏိုင္ငံ အပါအဝင္ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံ က ဇြန္လမွာ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ ထားပါတယ္။
2 years Ago
Up