ထိုင်သပိတ်

A d v e r t i s e m e n t With Us

February 26, 2021

ဖမ်းဆီးထားသည့် ပူတာအို လူငယ် ၅ ဦးကို ပြန်လွှတ်ပေးရန် ထိုင်သပိတ်ပြုလုပ်တောင်းဆို

ဖမ်းဆီးထားသော လူငယ် ၅ ဦးကို ပြန်လွှတ်ပေးဖို့ ပူတာအိုမြို့နယ်တရားရုံးမှာ ဒေသခံပြည်သူတွေက ထိုင်သပိတ်ပြုလုပ် တောင်းဆိုခဲ့ကြပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့ရှိ မြို့နယ်တရားရုံးအရှေ့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဒေသခံလူဦး‌ရေ ၃၀၀ လောက်က ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညအချိန်က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ် ၅ ဦးကို လွှတ်ပေးဖို့ ထိုင်သပိတ်ပြုလုပ်ခဲ့ကြတာပါ။

လူငယ် ၅ ဦးကို ပူတာအိုထောင်ထဲမှာ ထားထားတယ်လို့သိရပေမယ့် အခုအချိန်ထိ မိသားစု၀င်တွေကို တွေ့ခွင့်မပေးဘဲ ဘယ်လိုအခြေအနေရှိမှန်း မသိရှိရဘူးလို့ ဖမ်းဆီးခံလူငယ် ၅ ဦးနဲ့ နီးစပ်သူအချို့က ပြောပါတယ်။

ပူတာအိုဒေသခံလူငယ် ၅ ဦးဖြစ်တဲ့ ဖေနောင်းအောင်၊ ဇန်ထရမ်ဆိုင်း၊ အင်ဗျဲ့ဆင်ဝါး၊ ဖုန်ရော့ဖီနန်၊ လဇွမ်အောင်ဒီးတို့ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဦးဆောင်သူလို့ဆိုကာ ဖမ်း၀ရမ်းထုတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး မတ်လ ၅ ရက်နေ့ ရုံးထုတ်မယ်လို့ ရှိရပါတယ်။

ဇော်လင်းအောင်(ဗန်းမော်)

3 hours Ago

February 24, 2021

စစ်ကိုင်းမြို့မဈေးကြီးရှေ့တွင် သပိတ်စစ်ကြောင်းပေါင်းစုံ စုပေါင်း ထိုင်သပိတ်ပြုလုပ်

စစ်ကိုင်းမြို့နယ်အတွင်းရှိ CDM ဝန်ထမ်းပေါင်းစုံအပြင် ကျောင်းသူ/ကျောင်းသားတွေ၊ စက်ဘီးစီးအဖွဲ့တွေနဲ့ ပြည်သူတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ဒီကနေ့  လှည့်လည်ဆန္ဒပြခဲ့ကြပြီး စစ်ကိုင်းမြို့မဈေးကြီးရှေ့မှာ ထိုင်သပိတ်ပြုလုပ်နေပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ လူငယ်ကျောင်းသားတွေက စစ်ကိုင်းမြို့မဈေးကြီးအတွင်း လှည့်လည်ပြီး  “ရဲနဲ့ စစ်သားတွေကို  ဈေးမရောင်းချပါ”လို့ ရေးသားထားတဲ့ စာရွက်တွေကို ဈေးဆိုင်တွေမှာ  လိုက်လံကပ်ခဲ့ပါတယ်။

CDM ပါဝင်ခဲ့တဲ့ ကျောင်းဆရာမ ၁၀ ဦးကလည်း သူတို့ရဲ့ချွေးနှဲစာလေးတွေစု‌ပေါင်းပြီး ကြက်သွန်နီ ပိဿာအချိန် ၆၀၀ ဝယ်ယူကာ CDMမှာ ပူပေါင်းပါဝင်ခဲ့တဲ့ ဝန်ထမ်းပေါင်းစုံကို တစ်ဦးလျှင်  ၁ ပိဿာနှုန်း ဝေငှခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ မပြုတ်ကျမချင်းဆက်လက်ပြီး CDM နဲ့ ဆန္ဒပြပွဲတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်သွားလို့ သပိတ်စစ်ကြောင်းမှာ  ဦးဆောင်ပါဝင်သူတွေက ပြောပါတယ်။

ရဲနိုင်ဆွေ

2 days Ago
More News
Up