ထိုင်ဝမ်အစိုးရ

September 16, 2021

ထိုင်ဝမ်အစိုးရ ကာကွယ်ရေးအသုံးစရိတ် တိုးသုံးရန် အဆိုတင်

ထိုင်ဝမ်အစိုးရဟာ လာမယ့်ငါးနှစ်အတွင်း ဒုံးကျည်အသစ်တွေအပါအဝင် ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၉ ဘီလီယံ အပိုထပ်သုံးဖို့ စက်တင်ဘာ ၁၆ ရက်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

အိမ်နီးချင်းအင်အားကြီးတရုတ်နိုင်ငံဆီက ပြင်းထန်ဆိုးရွားတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်မှာ လက်နက်တွေ အဆင့်မြှင့်ဖို့ အရေးပေါ် လိုအပ်နေတယ်လို့လည်း သတိပေးလိုက်ပါတယ်။

လက်နက်အသစ်တွေ အားလုံးကို ပြည်တွင်းမှာတင် ထုတ်လုပ်မှာလို့ ကာကွယ်ရေးဒုဝန်ကြီး ဝမ်ရှင်းလန်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်ဟာ ကိုယ်ပိုင် ထုတ်လုပ်ရေး စွမ်းရည်ကို တိုးမြှင့်နေပြီး အမေရိကန်ကတော့ အရေးပါတဲ့ နည်းပညာနဲ့ ပစ္စည်းပံ့ပိုးသူအဖြစ် ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်က ငွေနဲ့ဝယ်ဖို့ ရည်မှန်းထားတဲ့ လက်နက်တွေထဲမှာ ခရုဇ်ဒုံးကျည်တွေနဲ့ စစ်သင်္ဘောတွေ ပါတယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် စီစဉ်ထားတဲ့ ကာကွယ်ရေးအသုံးစရိတ် ထိုင်ဝမ်ဒေါ်လာ ၄၇၁ ဒသမ ၇ ဘီလီယံအပြင် အပိုထပ်ဆောင်း တောင်းခံငွေကို ထိုင်ဝမ်လွှတ်တော်က အတည်ပြုဖို့တော့ လိုပါသေးတယ်။

ဒါပေမယ့် လွှတ်တော်ထဲမှာ သမ္မတ ချိုင်အင်းဝမ်ရဲ့ လက်ရှိ အာဏာရပါတီက အကြီးအကျယ် လွှမ်းမိုးထားတာမို့ ချောချောမောမော အတည်ပြုမယ့် အနေအထားပဲလို့ ရိုက်တာသတင်းမျာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်ဟာ နှစ်စဉ်ကျင်းပနေတဲ့ ဟန်ကွမ်းစစ်ရေးလေ့ကျင့်ပွဲကို ဆင်နွှဲနေချိန်ဟာ ခုကြေညာချက် ထွက်လာတာပါ။ 

ထိုင်ဝမ်စစ်တပ်ဟာ စက်တင်ဘာ ၁၅ ရက်က ဖုန့်ဟူကျွန်းစု ကမ်းခြေတခုမှာ ပင်လယ်ထဲကို အမြောက်နဲ့ ပစ်ခတ်ရင်း ကျူးကျော်စစ်ပွဲအတွက် ခုခံဖို့ ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။

4 months Ago

July 24, 2020

အပိုဆောင်းဘတ်ဂျက် ဒေါ်လာ ၇ ဘီလီယံသတ်မှတ်ပေးရန် ထိုင်ဝမ်အစိုးရ အဆိုပြု

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထိုင်ဝမ်မှာ ငါးနှစ်အတွင်း စီးပွားရေးကျဆင်းဖို့ မျှော်လင့်ထားတာကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် ဒုတိယမြောက် အပိုဆောင်း ဘတ်ဂျတ် ဒေါ်လာ ခုနှစ်ဘီလီယံ  သတ်မှတ်ဖို့ အစိုးရက အဆိုပြုထားပါတယ်။ ထိုင်ဝမ်ဟာ ကုန်သွယ်ရေးကို အဓိကအားထားနေရတဲ့နိုင်ငံဖြစ်ပြီး သူ့ရဲ့ အကြီးဆုံးကုန်သွယ်ဖက်ဟာ တရုတ်နိုင်ငံပါ။  ကပ်ဘေးကြောင့် ပြည်တွင်းစားသုံးမှုနဲ့ ခရီးသွားလုပ်ငန်း ထိခိုက်တာတွေကြောင့်  ၂၀၂၀ ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ မေလထိ ၁ ဒသမ ၆ ရာ ခိုင်နှုန်းပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်ဝမ်အစိုးရရဲ့အခု အပိုဆောင်း ဘတ်ဂျတ်အသစ်ဟာ  လွှတ်တော်ရဲ့အတည်ပြုချက် ရဖို့လိုအပ်ပါတယ်။  စီးပွားရေးနှိုးဆွမှုအတွက် ဒီဒေါ်လာ ၇၀ ဘီလီယံကျော်ဖိုး ဘတ်ဂျက်အသစ်ကို ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊လေကြောင်းကဏ္ဍတို့မှာ စီးပွားရေးတိုးတက်ဖို့ အသုံးပြုမယ်လို့ ရိုက်တာသတင်း ဌာနက ဖော်ပြပါတယ်။ 
2 years Ago
Up