ထိုင်ဝမ်သမ္မ ချိုင်အင်းဝမ်

August 24, 2021

ထိုင်ဝမ်ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး သမ္မတချိုင်အင်းဝမ် ထိုးနှံ

ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ဟာ ထိုင်ဝမ်ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို သြဂုတ် ၂၃ ရက်မှာ ထိုးနှံလိုက်ပြီး ထိုင်ဝမ်တကျွန်းလုံးမှာ အဲဒီကာကွယ်ဆေးကို ထိုးဖို့ သူ့ကိုယ်ပိုင် တံဆိပ်တုံးကို ခပ်နှိပ် အတည်ပြုလိုက်ပါတယ်။

ဝေဖန်သူတွေကတော့ ဒီကာကွယ်ဆေးကို အတည်ပြုပေးတာ အလျင်စလို နိုင်လွန်းတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဟာ ဘိုင်အိုလောဂျစ် ကော်ပိုရေးရှင်းထုတ် မေဒီဂျန် ကာကွယ်ဆေးကို အရေးပေါ်သုံးဖို့ အရင်လက အတည်ပြုပေးခဲ့ပါတယ်။

ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ဆေးကုမ္ပဏီကြီးတွေက ကာကွယ်ဆေး ဖြန့်ဖြူးဖို့ နှောင့်နှေးနေလို့ ထိုင်ဝမ်နဲ့ တခြား နိုင်ငံအများအပြား ကပ်ဘေးသင့်နေချိန်မှာ တကိုယ်တော် ဖူလုံရေး ကာကွယ်ဆေးထိုးဖို့ ပိုကျယ်ပြန့်တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ဒီကာကွယ်ဆေးကို အမေရိကန်နိုင်ငံအတွင်း အမျိုးသားကျန်းမာရေးဌာနနဲ့ ပူးပေါင်းညှိနှိုင်း တီထွင် ထုတ်လုပ်ခဲ့တာပါ။

ထိုင်ဝမ်အစိုးရက ကာကွယ်ဆေး ထိုးဆေး ၅ သန်း မှာယူထားပြီး ဘယ်သူ့ကိုမှ ကာကွယ်ဆေးထိုးဖို့ အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ဘူးလို့လည်း ထိုင်ဝမ်အစိုးရက ပြောပါတယ်။

လူဦးရေ ၂၃ ဒသမ ၅ သန်းရှိတဲ့ ထိုင်ဝမ်မှာ လူဦးရေ ၄၀ ရာခိုင်နှုန်းဟာ အဲ့စ်ထရာဇေနေကာနဲ့ မိုဒါနာကာကွယ်ဆေး အနည်းဆုံး တကြိမ် ထိုးပြီးကြပါပြီ။ ဒါပေမဲ့ ကာကွယ်ဆေးအပြည့် ထိုးနှံပြီးစီးသူက လူဦးရေရဲ့ ၅ ရာခိုင်နှုန်းအောက် လျော့နည်းတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

3 months Ago
Up