ထိုင်ဝမ်သမ္မတ

A d v e r t i s e m e n t With Us

May 20, 2020

ထိုင်ဝမ်သမ္မတ စိုင်းအင်ဝမ် ဒုတိယရာထူးသက်တမ်းအတွက် ကျမ်းသစ္စာဆို

ထိုင်ဝမ်သမ္မတ စိုင်းအင်ဝမ်ဟာ ဒုတိယရာထူးသက်တမ်းအတွက် မေ ၂၀ ရက်က မြို့တော်တိုင်ပေရှိ သမ္မတနန်းတော်မှာ အခမ်းအနားနဲ့ ကျမ်းသစ္စာဆိုပါတယ်။ စိုင်းအင်ဝမ်နဲ့ သူ့ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဟာ ဇန်နဝါရီလက သမ္မတနဲ့ ပါလီမန် ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီး တရုတ်နိုင်ငံကို ဆန့်ကျင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ပထမသက်တမ်း ရွေးကောက်ပွဲမှာ စိုင်းအင်ဝမ် အနိုင်ရပြီးနောက် ၂၀၁၆ ခုနှစ်မှာ တရုတ်အစိုးရက ထိုင်ဝမ်နဲ့ တရားဝင်ဆွေးနွေးပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။  တရုတ်အစိုးရက သူ့ကို ထိုင်ဝမ်အတွက် တရားဝင်လွတ်လပ်ရေး ရယူလိုတဲ့ ခွဲထွက်ရေးသမားလို့ ရှုမြင်နေပါတယ်။ မေ ၂၀ ရက် ဒုတိယသက်တမ်း ကျမ်းသစ္စာဆိုပွဲအပြီးမှာတော့ သမ္မတစိုင်းအင်ဝမ်က ထိုင်ဝမ်ဟာ တရုတ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးလိုပေမယ့် တရုတ်ရဲ့ “တစ်နိုင်ငံ စနစ်နှစ်မျိုး”  အဆိုပြုချက်ကို လက်မခံနိုင်ဘူးလို့ ပြောဆိုလိုက်ပြီး အတူယှဉ်တွဲနေထိုင်ရေးအတွက် နှစ်ဖက်စလုံးကို နည်းလမ်းရှာကြံဖို့ တိုက်တွန်းခဲ့ပါတယ်။  
10 months Ago

January 8, 2020

ထိုင်ဝမ်သမ္မတနှင့်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး

ထိုင်ဝမ်သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို ဇန်နဝါရီ ၁၁ ရက်မှာ  ကျင်းပမှာဖြစ်လို့ သမ္မတလောင်း ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးရေး ရုံးတွေဟာ အပြိုင်မဲဆွယ်နေကြပါပြီ။ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း  ၃ ယောက်ကတော့ (DPP) ပါတီ ကိုယ်စားပြု စိုင်းအင်ဝမ်၊ (KMT) ပါတီမှ ဟန်ကျိုးယုနဲ့  (PFP) ပါတီမှ ဂျိမ်းစ်ဆွန်းတို့ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲကစလို့ ထိုင်ဝမ်ဟာ  ဒီမိုကရက်တစ် ရွေးကောက်ပွဲတွေမှာ အောင်မြင်ခဲ့ပါတယ်။ ကူမင်တန်ပါတီအောက်မှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရေးနဲ့ စစ်ဥပဒေကို  ဆယ်စုနှစ်ကြာ ဆန့်ကျင်မှုဟာလည်း ပြီးဆုံးခဲ့ပါတယ်။ ကွန်မြူနစ်တွေနဲ့ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မှာ ကူမင်တန်တွေ စစ်ရှုံးပြီးနောက် ၁၉၄၉ ခုနှစ်မှာ  ကူမင်တန်တပ်တွေက ထိုင်ဝမ်ကျွန်းကို ထွက်ပြေးလာခဲ့တာပါ။  အခု ရွေးကောက်ပွဲမှာ တရုတ်ပြည်မကြီးကနေ  လွတ်လပ်ရေး တောင်းဆိုတာကို ထောက်ခံတဲ့ (DPP) ပါတီက စိုင်းအင်ဝမ်ဟာ ဒုတိယအကြိမ် သမ္မတသက်တမ်း  အနိုင်ရဖို့ ကြိုးပမ်းနေပါတယ်။ ကူမင်တန် (KMT) ပါတီမှ ဟန်ကျိုးယုကလည်း တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို လိုလားပြီး အဲဒီနည်းလမ်းကသာ ထိုင်ဝမ်လုံခြုံရေးနဲ့ ကြွယ်ဝရေးကို  အာမခံပေးနိုင်မယ်လို့ ပြောထားပါတယ်။ 
1 year Ago
Up