ထိုင်ဝမ်လွှတ်တော်အမတ်

November 27, 2020

အမေရိကန်ဝက်သားတင်ပို့မှုနှင့်ပတ်သက်ပြီး ထိုင်ဝမ်လွှတ်တော်အမတ်များ ခိုက်ရန်ဖြစ်

အမေရိကန်က ဝက်သားတင်သွင်းမှု ဖြေလျှော့ပေးရေးနဲ့ပတ်သက်လို့ ထိုင်ဝမ်လွှတ်တောအတွင်း အငြင်းပွားရာကနေ ဝက်အူတွေနဲ့ ပစ်ပေါက်တာ၊  လွှတ်တော်အမတ် အချင်းချင်း ထိုးကြိတ်တာတွေ နိုဝင်ဘာ ၂၇ ရက်က ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်ကစလို့ အသားထွက်နှုန်းတိုးစေတဲ့ ရက်တိုပါမင်ဆေးပါဝင်တဲ့ အမေရိကန်က ဝက်သားတွေနဲ့ လပေါင်း ၃၀ အရွယ် အမဲသားတွေကို တင်သွင်းခွင့်ပြုမယ်လို့ သမ္မတ စိုင်းအင်ဝမ်က သြဂုတ်လတုန်းက ကြေညာခဲ့ပါတယ်။   ဒါဟာ အစားအစာဘေးကင်းရေးအတွက် စိုးရိမ်စရာဖြစ်တယ်ဆိုပြီး အတိုက်အခံ ကူမင်တန် KMT ပါတီက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။  နိုဝင်ဘာ ၂၇ ရက်က လွှတ်တော်အတွင်း ဝန်ကြီးချုပ် ဆုဆန်းချောင် စကားပြောနေချိန် KMT အမတ်တွေက ဝက်အူတွေထည့်ထားတဲ့ ပုံးနဲ့ပစ်ပေါက်ခဲ့သလို  တချို့က လက်သီးတွေနဲ့ ထိုးကြိတ်ခဲ့ပါတယ်။  အဲဒီနောက် KMT ပါတီ ဆော်သြသူ လင်ဝေချူနဲ့  ပါတီငယ်တခုက ချန်ပိုဝေတို့အကြား ပြင်းပြင်းထန်ထန်  ထိုးကြိတ်မှုတွေ ဖြစ်ခဲ့ပါတယ်။   ဒီလို ဝက်အူတွေနဲ့ ပစ်ပေါက်တာက  လွှတ်တော်ကို ညစ်ပေစေပြီး ရွံရှာဖွယ်ဖြစ်တယ်လို့  DPP  ပါတီက သတင်းထုတ်ပြန်ပြီး ဆန္ဒပြမှုတွေကို  ပြစ်တင်ရှုတ်ချခဲ့ပါတယ်။  ထိုင်ဝမ်ဒီမိုကရေစီဟာ  ဆူဆူညံညံရှိလှပြီး ထိုင်ဝမ်လွှတ်တော်အတွင်း ထိုးကြိတ်တာတွေ ဟာ မဆန်းဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 months Ago
Up