ထိုင်ဝမ်လွှတ်တော်

April 13, 2021

မြန်မာအာဏာသိမ်းစစ်ကောင်စီကို ထိုင်ဝမ်လွှတ်တော် ကန့်ကွက်ရှုတ်ချ

ထိုင်ဝမ်အစိုးရဟာ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး ပိုတင်းမာတဲ့ ရပ်တည်ချက်ကို ရွေးချယ်လိုက်ပြီလို့  နိခဲအိ အေးရှ သတင်းဌာနက ဧပြီ ၁၂ရက်မှာ သတင်းထုတ်ပါတယ်။

ထိုင်ဝမ်လွှတ်တော်က ချမှတ်တဲ့ အဆိုပြုချက်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာပြည်မှာ စစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဝေဖန်ရှုတ်ချတဲ့  တရုတ်ဘာသာစကားပြောတဲ့ ကမ္ဘာနိုင်ငံတွေအထဲမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်ဝမ် အမျိုးသားလွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ တရားဝင် အဆိုပြုချက်ထဲမှာ မြန်မာနိုင်ငံအတွင်း အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက်မှု ရပ်တံ့ဖို့နဲ့ ဒီမိုကရေစီနိုင်ငံကို ပြန်လည်ထူထောင်ဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

တရုတ်ပြည်မကြီး အစိုးရကတော့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ် ပစ်ခတ်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို  အားပေးထောက်ခံနေပါတယ်။ 

1 month Ago
Up