ထိုင်ဝမ်စုံတွဲ

A d v e r t i s e m e n t With Us

December 18, 2019

ကြယ်လိပ် ၉၅ ကောင်ကို မှောင်ခိုထုတ်မည့် ထိုင်ဝမ်စုံတွဲ ထိုင်းလေဆိပ်တွင် ဖမ်းဆီးခံရ

အိန္ဒိယကြယ်လိပ် ၉၅ ကောင် မှောင်ခိုထုတ်မယ့် ထိုင်ဝမ်စုံတွဲကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးအာဏာပိုင်တွေက ဘန်ကောက်လေဆိပ်မှာ ဒီဇင်ဘာလ ၁၇ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလိပ်တွေကို ထိုင်ဝမ် စုံတွဲနှစ်ယောက်က ခရီးဆောင်အိတ်အတွင်း ဝှက်သယ်ဆောင်စဉ် ဒွန်မောင်းလေဆိပ် စစ်ဆေးရေးကောင်တာမှာ အာဏာပိုင်တွေက တွေ့ရှိခဲ့တာပါ။   အဲဒီလိပ်တွေကို မှောင်ခိုထုတ်ဖို့ ကြိုးပမ်းတဲ့ ခင်ပွန်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် လိုင်ဆန်းယွန်နဲ့ ဇနီးသည် အသက် ၃၇ နှစ်အရွယ် လူချောင်ယုတို့ နှစ်ယောက်စလုံးကို  ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။   သူတို့စုံတွဲဟာ ထိုင်းလိုင်းယွန်းအဲလေကြောင်းနဲ့ ထိုင်ဝမ်ကို ထွက်ခွာခါနီးအချိန်မှာ အဖမ်းခံရပြီး တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အက်ဥပဒေ၊ အကောက်ခွန် အက်ဥပဒေတို့ကို   ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံ ထားရပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားရင် မကြာမီက ပြင်ဆင်ထားတဲ့ ဥပဒေအရ သူတို့ဟာ  အများဆုံး ထောင်ဒဏ် ၁၀ နှစ် ကျခံနိုင်ပြီး ဒဏ်ငွေ ထိုင်းဘတ် ၁ သန်း ပေးဆောင်ရနိုင်ပါတယ်။ ဓာတ်ပုံ : National Park, Wildlife and Plant Conservation PR
1 year Ago
Up