ထိုင်ဝမ်စစ်ဘက်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ပြီးနောက် စစ်ဦးစီးချုပ်အပါအဝင် ရဟတ်ယာဉ်ပေါ်ပါ လူ ၈ ယောက် သေဆုံးသွားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ပြောလိုက်ပါတယ်။
UH-60M Black Hawk အမျိုးအစား အဆိုပါ ရဟတ်ယာဉ်ပေါ်မှာ လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှန်ယီမင်းနဲ့ လူ ၁၂ ယောက် လိုက်ပါသွားခဲ့ကြတာဖြစ်ပြီး မြို့တော် တိုင်ပေအနီး တောင်ထူ ထပ်တဲ့ တနေရာမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။
ရာသီဥတုဆိုးဝါးမှုကြောင့် အရေးပေါ်ဆင်းသက်ဖို့ လုပ်ဆောင်နေချိန်မှာပဲ ပျက်ကျ ခဲ့တာဖြစ်ပြီး အစောပိုင်းသတင်းပို့ချက်တွေမှာတော့ ယာဉ်ပေါ်မှာ အသက်ရှင်လျက်ပိတ်မိ နေသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ရဟတ်ယာဉ်ဟာ နှစ်သစ်ကူးအကြို နိုင်ငံအရှေ့မြောက်ပိုင်း ယိလန်ကောင်တီမှာရှိတဲ့ စစ်စခန်းတွေဆီ ပုံမှန်သွားရောက်စစ်ဆေးတာဖြစ်ပြီး ဆောင်ရှန်းလေဆိပ်မှ ထွက်ခွာအပြီး အချိန် ၁၅ မိနစ်နီးပါး အကြာမှာ ရေဒါကနေ အဆက်အသွယ်ပြတ် တောက်သွားခဲ့တာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ အသေးစိတ်အခြေအနေတွေကို မသိရသေးဘဲ ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။
1 year Ago