ထိုင်ဝမ်ကျွန်း

August 9, 2021

အပူပိုင်းမုန်တိုင်း ထိုင်ဝမ်ကျွန်းတွင် တိုက်ခတ်

အပူပိုင်းမုန်တိုင်း လူပစ်ရဲ့ အရှိန်ကျန်နေတဲ့ ရာသီဥတုစနစ်ကြောင့် ထိုင်ဝမ်ကျွန်းအလယ်ပိုင်းမှာ မိုးကြီးပြီး ရွှံ့မြေပြိုတာတွေ ရေကြီးတာတွေ သြဂုတ် ၇ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ကျွန်းအလယ်ပိုင်းနဲ့ တောင်ပိုင်းက ချန်ဟွာ၊ ချီအားယီ၊ ဟွာလျန်နဲ့ ထိုင်တန် မြို့နယ်တွေ အပါအဝင် မြို့ ၁၄ မြို့မှာ မိုးကြီးမှု သတိပေးချက်ကို ထိုင်ဝမ် မိုးလေဝသ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

 ၂၄နာရီအတွင်း မိုးရေချိန် ၃၅၀ မီလီမီတာ ရွာချနိုင်တယ်လို့ မျှော်လင့် ထားပါတယ်။

 မိုးအကြီးဆုံး ဧရိယာတချို့မှာ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ဘေးကင်းရေး စိုးရိမ်ချက်တွေအရ ပိတ်ထားရသလို လေကြောင်းခရီးစဉ်တချို့ကိုလည်း ရပ်ထားပါတယ်။ 

မိုးက သြဂုတ် ၈ ရက်မှာ လျော့ပါးပြီး နောက်ရက်တွေမှာ အရှိန်လျော့သွားမယ်လို့လည်း ဟောကိန်း ထုတ်ထားပါတယ်။

4 months Ago
Up