ထိုင်ခွင့်မရ

September 18, 2020

နည်းပြဟောင်းနှင့်ငွေကြေးပြဿနာကျန်နေသဖြင့် ဘာကာနည်းပြသစ် နည်းပြခုံတွင် ထိုင်ခွင့်မရ

အသင်းနဲ့နည်းပြဟောင်း ဆတ်တီယန်တို့ကြား မပြေလည်မှုသေးတာကြောင့် ဘာစီလိုနာ နည်းပြသစ် ရော်နယ်ကိုးမန်းဟာ လာမယ့်လာလီဂါပွဲစဉ်တွေမှာ ကွင်းထဲက နည်းပြခုံတန်းလျားမှာ ထိုင်ခွင့်ရရှိမှာ မဟုတ်သေးဘူးလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်  ဘာစီလိုနာ အသင်းဟာ နည်းပြဟောင်း ဆတ်တီယန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး သူ့နေရာမှာ ကစားသမားဟောင်း ကိုးမန်းကို နည်းပြအဖြစ်အစားထိုးခန့်အပ်ခဲ့ပါတယ်။  ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဆတ်တီယန်နဲ့ မပြေလည်သေးတာကြောင့် လာလီဂါ  ဘောလုံးအဖွဲ့ချုပ်ဟာ သူ့ကို ဘာစီလိုနာနည်းပြအဖြစ်ကနေ ပယ်ဖျက်လို့ မရသေးဘူးဖြစ်နေ တယ်လို့ စပိန်ရေဒီယို Cadena Cope မှာ ဖော်ပြပါတယ်။   ဆတ်တီယန်က သူ့အတွက်စာချုပ်ကျန်တဲ့အတိုင်းလစာပေးချေဖို့ ဘာစီလိုနာဘက်ကို တောင်းဆိုထားပေမဲ့ အသင်းတာဝန်ရှိသူတွေက အဲဒါထက်နည်းပါတဲ့ပမာဏကိုသာ ပေးချေ လိုနေပါတယ်။   ဒါ့ကြောင့်ဒီကိစ္စနဲ့ပတ်သက်လို့ ပြေလည်မှု မရမချင်းဘာစီလိုနာအသင်းဟာ ကိုးမန်းကို တရားဝင်နည်းပြအဖြစ် စာရင်သွင်းနိုင်မှာမဟုတ်ပါဘူး။  ယင်းကြောင့်ကိုးမန်းကလည်း တရားဝင်ကျင်းပတဲ့ပွဲစဉ်တွေမှာ ဘာစီလိုနာအသင်းရဲ့ နည်းပြ ထိုင်ခုံမှာထိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။  ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာပြသနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် ဒီနွေရာသီ ဈေးကွက်မှာ ကစားသမားသစ်ခေါ်ဖို့ ရုန်းကန်နေရပြီး ကွင်းပြင်အခြေအနေတွေကလည်း ဒီပြသနာကို ပိုမိုဆိုးရွား စေလျက်ရှိပါတယ်။   ဘာစီလိုနာအသင်းဟာ နည်းပြဟောင်း ဗယ်ဗာဒီကို ထုတ်ပယ်စဉ်တုန်းကလည်း လျော်ကြေး  ပေးခဲ့ရသလို ကိုးမန်းကို ခေါ်ယူဖို့အတွက်လည်း နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ကို စာချုပ်ဖျက် သိမ်းကြေးပေးချေ ခဲ့ရပါတယ်။  အခုဆတ်တီယန်နဲ့လည်း ငွေကြေးပြသနာ ကျန်ရှိနေတာဖြစ်ပြီး ဒီပြသနာကို လာမယ့်သီတင်းပတ်တွေအတွင်းမှာတင် ကျေလည်အောင်ဖြေရှင်းရတော့မှာဖြစ်ပါတယ်။  ဘာစီလိုနာအသင်းဟာ ဒီရာသီရဲ့ပထမဆုံးသော လာလီဂါပွဲစဉ်ကို စက်တင်ဘာ ၂၇ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီမတိုင်ခင် ဆတ်တီယန်နဲ့ပြေလည်မှုမရခဲ့ဘူးဆိုရင် ကိုးမန်းဟာ တခြား နေရာတစ်ခုကနေ ပွဲကိုကြီးကြပ်ကွပ်ကွဲရတော့မှာပဲဖြစ်ပါတယ်။ 
10 months Ago
Up