ထိုင်ဝမ် ကမ္ဘာလှည့်ခရီးသည်တင်ကား တောင်ပြိုကျမှုတွင် ပါသွား (ရုပ်သံ)

August 14, 2016

ထိုင်ဝမ် ကမ္ဘာလှည့်ခရီးသည်တင်ကား တောင်ပြိုကျမှုတွင် ပါသွား (ရုပ်သံ)

ထိုင်ဝမ်နိုင်ငံသား ကမ္ဘာ့လှည့်ခရီးသည်တွေ စီးလာတဲ့ဘတ်စ်ကားဟာ တရုတ်နိုင်ငံအရှေ့ပိုင်းက ဖူဂျီယန်းပြည်နယ်မှာ သြဂုတ် ၁၃ ရက်နေ့က တောင်ပြိုကျမှုမှာ ပါသွားပြီး ခရီးသည်တဦးသေဆုံးသွားပါတယ်။ ဒေသခံရွာသားတွေက အကြောင်းကြားလို့ ဒေသခံမီးသတ်ကား ၃ စီးနဲ့ အရေးပေါ်သွားရောက်ကယ်တင်ခဲ့ကြပြီး ခရီးသည် ၂၂ ဦးလည်း ဒဏ်ရာရခဲ့ကြပါတယ်။ မီးသတ်တပ်ဖွဲ့တွေ မရောက်ခင် ရွာခံတွေက ခရီးသည်တွေကို ကယ်ဆယ်ခဲ့ကြတာပါ။ တောင်မပြိုကျခင် မိုးအသည်းအသန်ရွာသွန်းနေပြီ တောင်ပြိုကျလာတော့ ဘတ်စ်ကားလည်း မီတာ ၃၀ လောက် ပါသွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံ ၂ ရုံခွဲပို့ခဲ့ပြီး ခရီးသည် ၂ ဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ ဆေးရုံအုပ်ဆရာဝန်တဦးကပြောဆိုပါတယ်။ ကားလမ်းကိုလည်း ယာယီပိတ်ထားခဲ့ရပြီး အဲ့ဒီဒေသမှာရှိတဲ့ ကမ္ဘာ့ခရီးသွားတွေ သွားရောက်လည်ပတ်တဲ့ နေရာတွေကိုလည်း အာဏာပိုင်တွေက ယာယီပိတ်ခဲ့ရပါတယ်။
5 years Ago
Up