ထိုင်ဝမ်သမ္မနှင့် ဒေါ်နယ်ထရမ့်တို့

December 4, 2016

ထိုင်ဝမ်သမ္မနှင့် ဒေါ်နယ်ထရမ့်တို့ ဖုန်းပြောဆိုမှု တရုတ်အစိုးရ ကန့်ကွက်

အရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိုင်ဝမ်သမ္မတတို့ တိုက်ရိုက်ဖုန်းပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ဒီဇင်ဘာ ၃ ရက်နေ့က ကန့်ကွက်ခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ကို ခွဲထွက်တရုတ်ပြည်နယ်တခုအဖြစ် သဘောထားပြီး ၁၉၇၉ အမေရိကန်နိုင်ငံခြားရေးမူဝါဒအရ ထိုင်ဝမ်နဲ့ တရားဝင်အဆက်အသွယ်ဖြတ်ထားပါတယ်။ သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ထိုင်ဝမ်သမ္မတ ဆိုင်တို့ နှစ်နိုင်ငံစီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးကိစ္စတွေကို အလေးထားပြောဆိုခဲ့ကြတယ်လို့ ဒေါ်နယ်ထရမ့် ထောက်ကူမှုအဖွဲ့က ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး မဟာမိတ်အင်အားကြီးနိုင်ငံဖြစ်ပြီး ထိုင်ဝမ် ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် စစ်လက်နက်တွေ အလုံအလောက်ထောက်ပံ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အခုလို ခေါင်းဆောင် ၂ ဦး ဖုံးဆက်သွယ်ပြောဆိုမှုကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်တယ်။ တရုတ်-အမေရိကန်ဆက်ဆံရေး မလိုအပ်ပဲ အဖုအထစ်တွေအဖြစ်အောင် ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်လာရင် နောက်ကို သတိထားဖို့ တရုတ်နိုင်ငံက တောင်းဆိုတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကလည်း ဒီလုပ်ရပ်ဟာ ထိုင်ဝမ်ရဲ့ “မူယာမာယာကွက်” တွေလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
5 years Ago
Up