ထိုင်း-မြန်မာနယ်စပ်

A d v e r t i s e m e n t With Us

April 21, 2019

ထိုင်း-မြန်မာနယ်စပ် ဘီပီဝမ်းဂိတ်ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများ သွားရောက်စစ်ဆေး

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း ထိုင်း-မြန်​မာနယ်​စပ်​ ဘီပီဝမ်းဂိတ်​ကို အလောတကြီးဖွင့်လှစ်ဖို့ ဆောင်ရွက်ပါက မှောင်ခိုလမ်းသာ ဖြစ်သွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောကြားခဲ့ပါတယ်။ အဆိုပါ ဘီပီဝမ်းဂိတ်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်​ခရိုင်​ မိုင်းတုံမြို့နယ်​ ပုံပါကျင်​မြို့ အပိုင်ထဲမှာရိုတာဖြစ်ပြီး  ​​ဧပြီ ၂၀ ရက်​​ မနက်​က ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာ​ရေးဝန်​ကြီးက ဂိတ်​ပြန်​လည်​ဖွင့်လှစ်​မယ့် ကိစ္စနဲ့ ပတ်​သက်​ပြီး ကွင်းဆင်းစစ်ဆေးစဉ်မှာ ပြောကြားခဲ့တာပါ။ ဘီပီဝမ်းနယ်​စပ်​ဂိတ်​ကို အရင်​ ကတပတ်ကို ​သုံးရက်​လောက်ဖွင့်​လှစ်​​ပေးခဲ့​ပေမယ့် ၂၀၀၁ ခုနှစ်​ကစပြီး တပ်​မ​တော်​စခန်းကို အမည်​မသိလက်​နက်​ကိုင်​အဖွဲ့တဖွဲ့က နှစ်​နိုင်​ငံပိုင်​ဆိုင်တဲ့ တောင်​ကုန်း​ပေါ်ကနေ လာ​ရောက်​ပစ်​ခတ်​တာကြောင့် တိုက်​ပွဲဖြစ်​ပွားခဲ့ပြီး​  ပိတ်​​ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေသထွက်ကုန်နဲ့ တဖက်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို တာချီလိတ်မြို့ကနေတဆင့် ကုန်သွယ်မှုပြုလုပ်နေရတာကြောင့် ကုန်ကျစရိတ်မြင့်မှု၊ လမ်းခရီးဝေးကွာမှုတို့ကြောင့် ဒေသခံတွေက အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။
2 years Ago

October 23, 2018

ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်၌ စိတ်ကြွဆေးပြား ၅ သန်းခန့် ဖမ်းဆီးရမိ

မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းမြို့နယ်မှာ  စိတ်ကြွဆေး အ လုံးရေ ၄ သန်း ၈ သိန်းလောက် ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ နယ်မြေထဲမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာမယ်လို့ ကြိုတင်သတင်းအရ နယ်မြေရဲစခန်း မူးယစ်ရဲတပ်ဖွဲ့တွေအပါအ၀င် ပူးပေါင်းအဖွဲ့ကစောင့်ကြပ်စစ်ဆေးနေစဉ် မနေ့ မွန်းလွဲ ၁ နာရီခွဲ လောက်မှာ စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းသွားတဲ့ ဟိုင်းလပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးရာမှာ မယ့်ဆောင်ဂိတ်မှာဖမ်းမိတယ်လို့ မယ့်အိုင်းရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ စစ်ဆေးချက်အရ ကားနောက်ခန်းမှာ အိတ်ပေါင်း ၄၈ အိတ်တင်ဆောင်လာပြီး အိတ်တစ်လုံးစီမှာ စိတ်ကြွဆေးပြား ၁ သိန်းစီပါတဲ့အတွက် စုစုပေါင်း စိတ်ကြွဆေးအလုံးရေ ၄ သိန်း ၈ သိန်းဖမ်း မိခဲ့ပြီး အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းရတ်ချတ်ဆိုသူ ထိုင်းလူမျိုးကို ဖမ်းဆီး အရေးယူထားတယ်လို့ ဆိုပါတယ်။ နိုင်းရတ်ချတ်ကို စစ်ဆေးချက်အရ နောက်ထပ်မူးယစ်ဆေးတွေ ကျန်ရှိနေသေးတယ်လို့ ဆိုတဲ့အတွက် ကွင်းဆက်တွေဖမ်းမိဖို့ နယ်မြေထဲ ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေတယ်လို့  မယ့်အိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
2 years Ago
More News
Up