ထိုင်းရုပ်ရှင်ပွဲတော်

July 2, 2018

ထိုင်းရုပ်ရှင်ပွဲတော်တွင် From Bangkok t၀ Mandalay အပါအဝင် ရုပ်ရှင် ၄ ကားပြမည်

ထိုင်းရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၊ Junction City မှာ ဇူလိုင် ၆ ရက်က စတင် ပြီး ၃ ရက်တာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ နာမည်ကြီး မြန်မာသရုပ်ဆောင်တွေရော၊ ထိုင်းသရုပ်ဆောင်တွေပါ ပါဝင်တဲ့ From Bangkok to Mandalay ရုပ်ရှင်ကား အပါအဝင် ကမ္ဘာကျော် ထိုင်းရုပ်ရှင်ကား ၄ ကားကို တစုတစည်းတည်း ပြသသွားမှာ ဖြစ်ပါတယ်။ From Bangkok to Mandalay ရုပ်ရှင်ကားမှာတော့ မြန်မာ နာမည်ကြီးသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ နေတိုး၊ ဝတ်မှုန်ရွှေရည်၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ထိုင်းသရုပ်ဆောင် မင်းသမီး Pilaiporn Supinchompoo က တွဲဖက်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ တခြားပြသမယ့် ရုပ်ရှင်ကားတွေကတော့ မြန်မာပရိသတ်တွေ သိကြပြီးဖြစ်တဲ့ Pee-Mak, Bad Genius နဲ့ Die Tomorrow ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ ကြည့်ရှုလိုသူတွေအနေနဲ့ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ကာ ထိုင်ခုံတွေကို ဦးရာလူစနစ်နဲ့ ရုပ်ရှင်မပြမီ လက်မှတ်ကြိုတင်ထုတ်ယူစနစ်နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တရက်ကို ၄ ကြိမ်ပြသမယ့် ပွဲချိန်ဇယားတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ Photo : Royal Thai Embassy, Yangon
3 years Ago
Up