ထိုင်းနှစ်သစ်ကူး ၄ ရက်တွင်း ယာဉ်မတော်တဆကြောင့် ၂၃၉ ဦး သေဆုံး

January 1, 2018

ထိုင်းနှစ်သစ်ကူး ၄ ရက်တွင်း ယာဉ်မတော်တဆကြောင့် ၂၃၉ ဦး သေဆုံး

နှစ်သစ်ကူးကာလ ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှု အန္တရာယ်လျှော့ပါးရေးအတွက်  စီမံချက်နဲ့ သတိထားစောင့်ကြပ်နေပေမယ့် ယာဉ်မတော်တဆမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ နှစ်သစ်ကူးမှာ ယာဉ်အန္တရာယ် အထူးသတိထားရမယ့် ကာလကို ၂၀၁၇ ဒီဇင်ဘာ ၂၈ မှ ၂၀၁၈ ဇန်န၀ါရီ ၃ ရက်နေ့ထိ ၇ ရက်တာ သတ်မှတ်ထားပြီး  စီမံချက်မကုန်ဆုံးခင် ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ၄ ရက်တာကာလအတွင်းမှာ သေဆုံးသူ ၂၃၉ ဦးနဲ့ ဒဏ်ရာရသူ ၂၅၀၀ ရှိကြောင်း၊ အများစုမှာ မူးပြီးယာဉ်မောင်းလို့ ဖြစ်ကြောင်း ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက် တစ်နေ့တည်းမှာတင် ယာဉ်မတော်တဆထိခိုက်မှု ၆၇၈ ကြိမ်၊ သေဆုံးသူ ၆၅ ဦး၊ ဒဏ်ရာရသူ ၇၁၄ ဦးရှိကြောင်း၊ သေဆုံးသူအများဆုံးမှာ ကန်ကျနပူရီခရိုင်မှာ ၄ ဦး၊ ဒဏ်ရရသူအများဆုံး ချင်းရိုင်းခရိုင်မှာ ၂၅ ဦး၊ ယာဉ်မတော်တဆဖြစ်ရခြင်းအကြောင်းမှာ အရက်မူးခြင်းက ၄၈ ဒသမ ၆၇ ရာခိုင်နှုန်း၊ သတ်မှတ်မြန်နှုန်းထက်ပိုမောင်းတာက ၂၆ ဒသမ ၄ ရာနှုန်းဖြစ်တယ်လို့  ထိုင်းခရီးသွားနဲ့အားကစားဝန်ကြီး နိုင်းဝိရဆဒ် ခိုဆုလတ်က ပြောပါတယ်။ ယာဉ်အန္တရာယ်သတိထားကာလ ၄ ရက်အတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၂၃၈၀ ကြိမ်၊ သေဆုံး ၂၃၉ ဦး၊ ဒဏ်ရာရ ၂၅၀၀ ဦးရှိပြီး ယာဉ်မတော်တဆ အဖြစ်များဆုံးခရိုင်မှာ ချင်းမိုင်ခရိုင်မှာ ၈၆ ကြိမ်နဲ့ သေဆုံးသူအများဆုံးမှာ ဆီစကစ်ခရိုင် ၁၁ ဦးလို့ ဆိုပါတယ်။ မနှစ် ၂၀၁၇ နှစ်သစ်ကာလတုန်းကတော့ ၄ ရက်တွင်း မတော်တဆဖြစ်ခဲ့တဲ့ အကြိမ်ပေါင်း ၂၇၁၂ ကြိမ်၊ သေဆုံးသူ ၂၈၀ ဦး ရှိခဲ့ပါတယ်။   
4 years Ago
Up