ထိုင်းနိုင်ငံက ရေပေါ် ဘောလုံးကွင်း (ရုပ်သံ)

A d v e r t i s e m e n t With Us

August 30, 2016

ထိုင်းနိုင်ငံက ရေပေါ် ဘောလုံးကွင်း (ရုပ်သံ)

ထိုင်းနိုင်ငံ ဖန်ငက ငါးဖမ်းလုပ်သားတွေကလည်း တခြားလူတွေလို မြေကြီးပေါ်မှာ ဘောလုံးကစားချင်ကြပေမယ့် မြေနေရာ အခက်အခဲကြောင့် ဘောလုံးကွင်း တည်ဆောက်ဖို့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ရေပေါ် ဘောလုံးကွင်းတခုကို ဖန်တီးနိုင်ခဲ့တဲ့ အကြောင်းကို ထိုင်း ဘန်ကောက်ပိုစ့်က မှတ်တမ်းတင်ထားပါတယ်။ တကယ်တော့ ဘောလုံးကွင်းတခု ဖန်တီးဖို့ဆိုတဲ့ အတွေးက လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက အခြေတည်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ ကျောင်းမှာ ဘောလုံးကို မြေပေါ်မှာ ကစားခဲ့ကြသလို တီဗွီတွေမှာ ကြည့်ရတဲ့ ကစားသမားတွေလို ဘောလုံးကို ကစားဖို့ အိမ်မက်မက်ခဲ့ကြပါတယ်။ ဒီလို သာမန်နည်းတွေနဲ့ ဘောလုံးကစားနိုင်ဖို့က ရေပေါ် ဘောလုံးကွင်းတခု တည်ဆောက်ဖို့ တွန်းအားတခု ဖြစ်စေပါတယ်။ သစ်သားအပိုင်းအစတွေကို စုစည်းပြီး ဘောလုံးကွင်း မျက်နှာပြင်ကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ ဘောလုံးကွင်းကို ပလစတစ်နဲ့ လုပ်ထားပြီး ရေပေါ်မှာ ပေါ်လောမျောနိုင်တဲ့ ဘောလုံးကွင်းတခု အဖြစ် ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။ ဒါအပြင် ကွင်းမှာ ကလေးတွေကိုလည်း ဘောလုံးကစားနည်းကို သင်ကြားပေးနေပြီ ဖြစ်ပါတယ်။ ဘောလုံးကွင်းကို လာရောက်ကြည့်ရှုတဲ့ ဧည့်သည်တွေလည်း ရှိလာသလို နောင်မှာ ကွင်းကို ပိုမို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့လည်း ဆန္ဒ အာသီသတွေ ရှိနေပါတယ်။
5 years Ago
Up