ထိုင်းနိုင်ငံ ဆမွတ်ပရကန်၌ မြန်မာဇနီးမောင်နှံ ၂ ဦး ကြိုးတုတ်၍ ရေထဲပစ်ချခံရ

October 11, 2017

ထိုင်းနိုင်ငံ ဆမွတ်ပရကန်တွင် မြန်မာတဦး ဆွဲကြိုးချသေဆုံး

  ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်မှာ မနေ့ ညနေပိုင်းက ဆွဲကြိုးချပြီး သေဆုံးနေတဲ့ မြန်မာအမျိုးသားအလောင်းတလောင်းတွေ့ရတယ်လို့ တီနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၁၀ ရက် ညနေ ၅ နာရီခွဲလောက်က ဆမွတ်ပရကန်မြို့ ဘန်မိုင်းရပ်ကွက်ရှိ ပါနီအိမ်ယာလေးထပ်တိုက်မှာ လူသေမှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ လေးထပ်တိုက် တတိယအလွှာက အိမ်ခန်းတခန်းရဲ့ နောက်ဖေး အိမ်သာရှေ့မှာ ကြိုးဆွဲချသေဆုံးနေတဲ့ အလောင်းတလောင်းကို တွေ့ရှိရတယ်လို့ ဆမွတ်ပရကန်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆုဖရတ်ဖိုးထိဆီက သတင်းထောက်တွေကို ပြောပါတယ်။ ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၆ နှစ်ရှိ ရဲထွန်းအေး ဆိုသူ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး သေဆုံးသူရဲ့လည်ပင်းမှာ အိမ်သာတံခါးနဲ့ တွဲလွဲချည်နှောင်ထားတဲ့ တီဗွီကြိုးတချောင်းရှိကြောင်း၊ ပါးစပ်မှာ သွေးများထွက်လျက်ရှိပြီး တခြားရုန်းရင်းဆန်ခတ်ပုံစံတွေ၊ ထိခိုက်ဒဏ်ရာရတာတွေမရှိဘဲ ကြိုးဆွဲချပုံစံသာရှိကာ လွန်ခဲ့တဲ့ ၅ နာရီကျော်လောက်က သေဆုံး ခဲ့တာလို့   ဒုရဲမှူးက ဆက်ပြောပါတယ်။ သေဆုံးသူရဲ့အခန်းထဲမှာ အရက်ဖြူပုလင်းနဲ့ ဘီယာပုလင်းလွတ် တလုံးစီတွေ့ရပြီး အနီးမှာ “အကိုသေသွားရင်  မင်းပျော်ရွှင်ပါစေ”လို့ အဓိပ္ပါယ်ရတဲ့ မြန်မာလို စာတစောင်ရေးသား ထားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခန်းအစောင့်ပြောပြချက်အရ သေဆုံးသူဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အဆိုပါတိုက်ခန်းမှာ နေလာခဲ့ကြောင်း၊ ထိုစဉ်က မိန်းကလေးတယောက်ပါ သူနဲ့အတူနေထိုင်ပြီး တနေ့မှာ နှစ်ယောက်သား အကြီးကျယ်စကားများရန်ဖြစ်ကာ မိန်းကလေးက အ၀တ်အစားတွေ ယူပြီး အိမ်ပေါ်က ဆင်းသွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း သေဆုံးသူမှာ အရက်သမားဖြစ်လာပြီး လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက် ကစ သူ့ကိုအခန်းထဲက ထွက်လာတာ မတွေ့ရကြောင်း၊ ဒါကြောင့် ယမန်နေ့ညနေက အခန်းတံခါးကို သွားခေါက်ကြည့်ရာမှာ ဘာမှထူးသံမကြားဘဲ၊ အထဲက သော့ပိတ်ထားတာလဲ မရှိလို့ တံခါးကို တွန်းဖွင့်ဝင်လာခဲ့ကြောင်း၊ အခန်းထဲမှာ သူ့ကို မတွေ့ရဘဲ နောက်ဖေး ၀ရန်တာအနီး အိမ်သာရှေ့မှာ လည်ပင်းကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့သူ့ကို တွေ့ရလို့ ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ တိုက်ခန်းအစောင့်က ပြောသွားပါတယ်။ တိုက်ခန်းအစောင့်က သေဆုံးသူဟာ ရည်းစားနောက်ယောကျာ်းရှိလို့ စိတ်အားငယ်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတာဖြစ်ကြောင်း ခန့်မှန်းပြောဆိုပြီး ရဲစခန်းကတော့ အမှုမှန်ပေါ်ေ ပါက်ရေး ဆက်လက်စုံ စမ်းစစ်ဆေး သွား မယ်လို့ ပြောသွားပါတယ်။
4 years Ago

September 5, 2017

ထိုင်းနိုင်ငံ ဆမွတ်ပရကန်၌ မြန်မာဇနီးမောင်နှံ ၂ ဦး ကြိုးတုတ်၍ ရေထဲပစ်ချခံရ

  ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ဘန်ဖရီမြို့နယ်ထဲမှာ စက်တင်ဘာ ၁ ရက်ညက မြန်မာအလုပ်သမား ဇနီးမောင်နှံ ၂ ဦးကို လူ ၅ ဦးက ကြိုးတုတ်ဖမ်းဆီး ခေါ်ဆောင်ပြီး ရိုက်နှက်ထိုးသတ်ကာ ရေထဲပစ်ချခဲ့တယ်လို့  အေအေစီ မြန်မာအလုပ်သမား ကူညီရေး အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါ ဇနီးမောင်နှံမှာ ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကသည်းကုန်းရွာနေ ကိုသက်ကိုကိုနဲ့ မမြမြစန်းတို့ဖြစ်ပြီး အခင်းဖြစ်တဲ့ညမှာ ဇနီးဖြစ်သူက သူအသတ်မခံရခင် ရေထဲခုန်ချပြီး တဘက်ကမ်းကိုကူးခတ်လွတ်မြောက်လာကာ နောက်တနေ့မနက်ရောက်တော့ သူတို့အဖွဲ့ကို လာရောက်တိုင်ကြားခဲ့တာလို့ အေအေစီအဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီညက ၁၂ နာရီကျော်လောက်မှာ  မြန်မာအချင်းချင်း၊ တရွာတည်းသားလည်းပါတဲ့ လူ ၅ ယောက်လောက်က သူတို့အခန်းမှန်ကို ရိုက်ခွဲပြီး အထဲဝင်လာတယ်။ ပြီးတော့ သူတို့လင်မယား ကိုဝိုင်းပြီး ကြိုးတွေနဲ့တုတ်ပြီးတော့ စက်ရုံကြီးရဲ့နောက်ဖေး လူပြတ်တဲ့ ရေကန်စပ်ကို ခေါ်သွားတယ်။ သူ့ယောကျာ်းကို ဓားနဲ့ထိုးပြီးတော့ ရေကန်ထဲ ပစ်ချလိုက်တယ်။  မိန်းမကိုလည်း သတ်မယ်လုပ်တော့ မိန်းမက ရေကန်ထဲခုန်ချ ရေကူးတတ်တော့ ထွက်ပြေးသွားတယ်။ သူ့ကို လက်ပြန်ကြိုး တုတ်ထားတာ၊ ကြိုးက နည်းနည်းလျော့နေတော့ ရအောင်ရုန်းပြီးတော့ ထွက်ပြေးတာ၊ မနက်ကျတော့ ကျနော်တို့ အေအေစီကို အကူအညီတောင်းပြီးတော့ ကျနော်တို့က ရဲစခန်း မှာ အမှုဖွင့်၊ အလောင်းလိုက်ရှာ၊ တရားခံလိုက်ဖမ်း အဲဒါလုပ်တာ အလောင်းက ၂ ရက်နေမှ ပေါ်တာပေါ့နော်၊။ မနေ့ည ဆယ်နာရီခွဲ ဆယ့်တစ်နာရီလောက်မှာ ပေါ်တယ်။ အခုဆေးရုံမှာ ထားပြီး ဒီရက်ပိုင်း သဂြိုဟ်ဖို့ရှိတယ်။” တရားခံတွေထဲက အသက် ၃၀ ကျော်ရွယ် လူရွယ်တဦးကို သူနေတဲ့ အခန်းမှာဘဲ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ကျန်သူတွေတော့ ထွက်ပြေး လွတ်မြောက် နေဆဲဘဲလို့ သိရပါတယ်။ အဆိုပါ လူ ၅ ဦးမှာ တရွာတည်းသားတွေဖြစ်ပြီး  သေသူရဲ့ဇနီးကလည်း သူတို့အားလုံးကို သိရှိမှတ်မိနေကြောင်း၊ အခုလို အကြမ်းဖက်ခံရတာဟာ ဘာကြောင့်လဲဆိုတာ သေချာ မသိရပေမယ့် သေဆုံးသူ သူ့အမျိုးသားနဲ့ ရန်ငြိုးရန်စ ရှိခဲ့ဖူးမယ်လို့ ယူဆကြောင်း ဇနီးဖြစ်သူ ဆိုပါတယ်။ တရားခံတွေအားလုံး ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ဖို့ ဆမွတ်ပရကန်ရဲစခန်းက စုံစမ်းစစ်ဆေးနေပါတယ်။
4 years Ago
Up