ပြီးခဲ့တဲ့ ၃ ရက်အတွင်း သန်ရာဗျူရီခရိုင်၊ ပရာချထီပက်တမ်ဘွန်းတွင် အိမ်ခြေရာခြေမဲ့ ၃ ဦး ဆက်တိုက်သတ်ဖြတ်ခံခဲ့ရပြီး အဲဒီပထုံဌာနီဒေသမှာ ဆက်တိုက်ကျူးလွန်တဲ့ လူသတ်သမား ရှိနေမယ်လို့ ရဲတွေက ယူဆနေပါတယ်။
တတိယမြောက်သတ်ခံခဲ့ရတဲ့အလောင်းကို ဖဟွန်းယိုသင်လမ်းပေါ်က Princess Mother National Institute for Drug Abuse Treatment နားမှာ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ခဲ့တယ်လို့ ရဲတွေကပြောတာပါ။
သေဆုံးသူရဲ့အလောင်းရဲ့ လက်ကောက်ဝတ်တွေကို လျှပ်စစ်ဝါယာကြိုးနဲ့ ပူးတွဲချည်ထားပြီး သေသူရဲ့လည်ပင်းကိုလည်း လှီးဖြတ်ထားတယ်။ ဗိုက်နဲ့ တင်ပါးတွေမှာလည်း ဓားဒဏ်ရာတွေတွေ့ရတယ်လို့ဆိုပါတယ်။
အသတ်ခံရသူ ပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ အိပ်တဲ့ဖျာတချပ်ကိုလည်း အနီးအနားမှာ တွေ့ရတယ်လို့ပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် ကမ္ဘောဒီးယားအမျိုးသားတဦးက ငါးဖမ်းဖို့သွားရင်းနဲ့ အသတ်ခံထားရတဲ့ အလောင်းကို တွေ့ခဲ့ပြီး ရဲကိုဖုန်းဆက်ခဲ့တာပါ။
သေသူဘယ်သူဘယ်ဝါဆိုတာတော့ မသိရပါဘူး။
အောက်တိုဘာ ၄ ရက်နေ့မှာတော့ အသက် ၃၅-၄၀ လောက်ရှိတဲ့ နောက်ထပ် သတ်ခံထားရတဲ့ လူသေအလောင်း ၂ လောင်းကို Drug Treatment Institute နားမှာပဲ ထပ်တွေ့ရပြီး သူတို့ရဲ့လက်ကောက်ဝတ်တွေကိုလည်း ဝါယာကြိုးတွေနဲ့ ချည်နှောင်ထားတာကို တွေ့ရတာပါ။
တယောက်ကတော့ အမျိုးသားဖြစ်တယ်။ သူ့ရဲ့ နဖူးမှာ ဒါးဒဏ်ရာတွေ့ပြီး မေးစေ့မှာတော့ တုတ်နဲ့ပြင်းပြင်းထန်ထန် ရိုက်နှက်ထားတဲ့ဒဏ်ရာလိုမျိုးတွေ့တာပါ။
အခြားသတ်ခံရသူက အမျိုးသမီးဖြစ်ပြီး သူမရဲ့ ရင်ဘတ်နဲ့ဗိုက်တွေမှာ ဓားဒဏ်ရာအကြီးကြီးတွေ တွေ့ခဲ့တယ်လိုဆိုပါတယ်။
ဒေသခံရဲအရာရှိပြောတာကတော့ သတ်ခံရသူတွေဟာ အိမ်ခြေရာခြေမဲ့တွေဖြစ်နေပြီး အားလုံးဟာ တပုံစံတည်းသတ်ဖြတ်ခံရတာပါ။
သတ်သူဟာ တဦးတည်းဖြစ်မယ် ပြီးတော့ အဖော်မပါတဲ့အိမ်ခြေရာခြေမဲ့တွေကို ဦးတည်နေတယ်လို့ ရဲကပြောလိုက်ပါတယ်။
ရဲတွေကတော့ စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးနေပြီး ပတ်ဝန်းကျင်က လူတွေကိုလည်း စစ်ဆေးမေးမြန်းနေပါတယ်။
သတ်တဲ့သူကိုလည်း မကြာမီမိမှာပါလို့ ရဲက ထပ်ဖြည့်ပြောလိုက်ပါတယ်။
6 years Ago