ထိုင်းဝန်ကြီးချုပ်ပြော

January 5, 2017

ရွေးကောက်ပွဲ ရွှေ့ဆိုင်းမလားဆိုသည့် သံသယများကို ဘေးချိတ်ထားရန် ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်ထိ နောက်ဆုတ် ရွှေ့ဆိုင်းထားမလားဆိုတဲ့ သံသယတွေကို ဘေးချိတ်ထားဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ဇန်န၀ါရီနေ့က ပြောဆိုလိုက်ပါတယ်။ လိုအပ်တဲ့ ဥပဒေတွေကို အတည်ပြုဖို့ အချိန်ရနိုင်ရေး ရွေးကောက်ပွဲကို ၂၀၁၈ ထိ ရွှေ့မလားလို့ စစ်တပ်က ခန့်အပ်ထားတဲ့ လွှတ်တော်အမတ် တယောက်က မေးတဲ့အပေါ် ခုလို တုန့်ပြန် ပြောဆို လိုက်တာပါ။ လမ်းပြမြေပုံအရ နိုင်ငံရေး အစီအစဉ်တွေ အရပဲ သွားနေတယ်။ အစီအစဉ်တွေကို တခုမှ မပြောင်းချင်ဘူး။ ရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်တဲ့ ဥပဒေတွေ အတည်မပြုရသေးရင် အရှိန်မြှင့်ဖို့ သူများပြော တာတွေကို အရေးမစိုက်ရဘူးလို့ ပရာယွတ်သ်က သတင်းထောက်တွေကို ဇန်န၀ါရီ ၄ ရက်နေ့က ပြောပါတယ်။ နောက် နိုင်ငံအစိုးရတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုတွေက ထိုင်းအစိုးရကို ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားဖို့ ဖိအားပေးခဲ့ ပြီးပါပြီ။ ၂၀၁၄ စစ်အာဏာသိမ်းမှုအပြီး ထိုင်းစစ်အစိုးရက လူသေတဲ့လမ်းပေါ် ဆန္ဒပြပွဲတွေကြောင့် စစ်အာဏာသိမ်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ မနှစ်က လူထုဆန္ဒ ခံယူပွဲမှာ အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေကို ဘုရင်သစ် မဟာ ဗဂျီရာလောင်ကွန်းက အတည်ပြု လက်မှတ်ထိုးဖို့ဟာ နောက်ခြေလှမ်း တရပ်ပါ။ ဘုရင်သစ်ဟာ လာမယ့်လမှာ အတည်ပြုရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ဟာ လာမယ့်နှစ်တွေအတွက် စစ်အုပ်ချုပ်ရေးကို အမြစ်တွယ်အောင် လုပ်ပြီး ဒီမိုကရေစီကို ထိန်းချုပ် နှိပ်ကွပ်လိမ့်မယ်လို့ အကဲခတ်တွေက သတိပေး ထားပါတယ်။
5 years Ago
Up