ထိုင်းဝန်ကြီးချုပ်

A d v e r t i s e m e n t With Us

October 30, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို ဆန်အမတော်ကြေးကိစ္စ တရားရုံးတွင် ကြားနာမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို ထိုင်းတရားရုံးချုပ်က ဆန်အမတော်ကြေးကိစ္စနဲ့ လာမယ့်နှစ် ဇန်န၀ါရီ ၁၅ ရက်နေ့ တရားရုံးမှာ ပထမဆုံးကြားနာဖို့ အောက်တိုဘာ ၂၉ ရက်နေ့က သတ်မှတ်လိုက်ပါတယ်။ ဆန်အမတော်ကြေးကိစ္စမှာ ထိုင်းအစိုးရဟာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံလောက် ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းကြထားပြီး ၀န်ကြီးချုပ်ဟောင်း ယင်လပ်ကို တာဝန်ပေါ့လျော့မှုနဲ့ တရားစွဲဆိုထားတာပါ။ ၀န်ကြီးချုပ်ဟောင်း ယင်လပ်ဟာ ရွေးကောက်ပွဲမှာ ထိုင်းလယ်သမားတွေဆီက ထောက်ခံမဲတွေရရှိဖို့ ဆန်ကို အဆမတန် ဈေးပေးဝယ်ခဲ့တယ် စွပ်စွဲခံရပါတယ်။ ကမ္ဘာ့ဆန်ဈေးကျပြီး အရှုံးခံ ပြန်မရောင်းနိုင်ခဲ့တဲ့အတွက် ဆန်တန်ချိန် ၁၄ သန်းလောက်  ပုံနေတာပါ။ ဒီအမှုမှာ ပြစ်မှုထင်ရှားရင် ယင်လပ်ဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က သူ့ကို ထောက်ခံသူတွေက ပန်းစည်းတွေနဲ့ ကြိုဆိုခဲ့ပြီး သူ့အမှုမှာ နောက်ထပ်သက်သေလိုက်မယ့်သူတွေကို တရားရုံးက လက်ခံခဲ့တယ်လို့ ပြောဆိုပါတယ်။ အမှုအတွက် အသိသက်သေ ၄၂ ဦး ရှိတယ်လို့ ယင်လပ်ရဲ့ရှေ့နေက ပြောဆိုပြီး သူတို့တွေ အားလုံးအပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ယင်လပ်က ပြောပါတယ်။ ယင်လပ်ကတော့ သူ ဆန်အမတော်ကြေးကိစ္စမှာ ထိုင်းလယ်သမားတွေ အကျိုးအတွက် အရိုးသားဆုံး လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း ကမ္ဘာ့ဆန်ဈေးလည်း ပျက်ခဲ့ပြီး ထိုင်းနိုင်ငံလည်း ကမ္ဘာပေါ်မှာ ဆန်အတင်ပို့ဆုံးနိုင်ငံအဖြစ်က လျှောကျခဲ့ပါတယ်။
5 years Ago
Up