ထိုင်းရေသဘင်ပွဲတော်ကာလအတွင်း လူ ၄၀၀ ခန့် သေဆုံး

A d v e r t i s e m e n t With Us

April 17, 2016

ထိုင်းရေသဘင်ပွဲတော်ကာလအတွင်း လူ ၄၀၀ ခန့် သေဆုံး

ထိုင်းနိုင်ငံ၊ ရေသဘင်ပွဲတော်ကာလတွင်းမှာ လမ်းမပေါ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၉၇ ဦးရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အရက်သေစာမူးယစ်သောက်စားမှုကြောင့် အဓိကသေဆုံးရတာဖြစ်ပြီး မနှစ်က ထက်စာရင် ၂၉ ဒသမ ၇၄ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။ ဧပြီလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ပွဲတော်ကာလတွင်းမှာ တနိုင်ငံလုံး ယာဉ်မတော်တဆမှုစုစုပေါင်း ၃၁၀၄ ခုရှိခဲ့ပြီး လူပေါင်း ၃၂၇၁ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ထိုင်းပို့ဆောင်ရေးဝန်ကြီး အာခွန် တမ်ပစ်တရာပိုင်ဆစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စာရင်းဇယားဖော်ပြချက်တွေအရ ထိုင်းနိုင်ငံလမ်းမတွေပေါ်မှာ ယာဉ်မတော်တ ဆမှုတွေကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေဟာ မနှစ်ကထက် ပိုမိုမြင့်တက်လာခဲ့ပါ တယ်။ မနှစ်က ယာဉ်မတော်တဆမှုစုစုပေါင်း ၂၉၁၅ ခုဖြစ်ခဲ့ပြီး ၃၀၆ ဦးသေဆုံးကာ ၃၀၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။ ပွဲတော်ကာလတွင်းမှာ မနေ့ကတနေ့တည်းတင် ယာဉ်မတော်တဆမှု ၃၈၀ မှုဖြစ်ခဲ့ပြီး လူပေါင်း ၅၉ ဦးသေဆုံးကာ ၃၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ အရက်သေစာသောက်စားမူးယစ်ပြီး မောင်းနှင်တာ အများစုတွေ့ရပြီး ဆိုင်ကယ်မတော်တဆမှုရာခိုင်နှုန်း ၈၀ ဒသမ ၈၈ ရာခိုင်နှုန်းနဲ့ ပစ်ကပ်ကားမတော်တဆမှု ရာခိုင်နှုန်း ၁၀ ဒသမ ၀၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ အာခွန်က ပြောပါတယ်။ စုစုပေါင်းရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၆ ရက်တာကာလ အတွင်း ချင်းမိုင်မြို့ဟာ ယာဉ်မတော်တဆမှု ၁၅၈ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့ပြီး လူပေါင်း ၁၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ နာခွန်ရာချာဆီမာမြို့မှာတော့ သေဆုံးသူဦးရေ ၁၈ ဦးနဲ့ အမြင့်ဆုံးဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ မူးယစ်သောက်စားပြီးမောင်းနှင်ခဲ့ကြတဲ့ ယာဉ်မောင်းတွေဆီက လိုင်စင် ၁၆၃၄၆ ခုကို သိမ်းဆည်းခဲ့ပြီး မော်တော်ဆိုင်ကယ် ၄၃၅၃ စီးနဲ့ ကား ၁၄၁၉ စီးဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။
5 years Ago
Up