ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တံဆိပ်သုံးပြီး ဘန်ကောက်ဆန္ဒပြပွဲသွားမည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

April 1, 2019

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တံဆိပ်သုံးပြီး ဘန်ကောက်ဆန္ဒပြပွဲသွားမည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း ချချိန်းဆောင်းခရိုင်ထဲမှာ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တံဆိပ်အသုံးပြုပြီး ဘန်ကောက်ဆန္ဒပြပွဲသွားမယ့် မြန်မာ ၁ ဦး၊ ထိုင်း ၃ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့  ချချိန်းဆောင်း ခရိုင် ဘန်ဘကုန်းနယ်မြေရဲတပ်ဖွဲ့က မနေ့ည ၉ နာရီ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဒီမတိုင်ခင် ယမန်နေ့ ည ၅ နာရီလောက်က ချချိန်းဆောင်းခရိုင် ဘန်ဘကုန်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ ချွန်းပူးရီးခရိုင်ဘက်ကနေ မောင်းနှင်လာတဲ့ မသင်္ကာဘွယ် ရဲဝန်ထမ်းကားတစီး ခေါင်မိုးပေါ် အချက်ပြမီးဖွင့်ရင်း ယာဉ်လမ်းကြောင်းမှားပြီး ဖြတ်သန်းသွား တာတွေ့ရကြောင်း သတင်းရတဲ့အတွက် ခေါင်ဒဲင်အုပ်စုအပိုင်းမှာ ကားရပ်နားစဉ် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တာလို့ ဘန်ဘကုန်းရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူး ထီလဖွန်း ကျင်းဒါးလုန်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ စစ်ဆေးချက်အရ အဆိုပါကားမှာ အမှတ် ၄ တိုင်းဒေသ နောင်ခိုင်ခရိုင် တော်ဝင်ရဲတပ်ဖွဲ့တံဆိပ်တပ်ထားပြီး စတစ်ကာမှာတော့ အသုံးပြုခွင့် ကားနံပါတ်လွဲမှားနေတဲ့ အပြင် မော်တော်ဆိုင်ကယ်မှာ အသုံးပြုတဲ့ စတစ်ကာဖြစ်နေကြာင်း၊ ကားပေါ်မှာ လူ ၄ ဦးလိုက်ပါလာပြီး  ကိုကြူ (မြန်မာနိုင်ငံသား) က ယာဉ်မောင်းကာ ကျန်တဲ့သုံးဦးက ထိုင်းနိုင်ငံသား နိုင်းဝမ်းချလိုမ်၊ နိုင်း ဆွန်ထောင်းန်၊ နိုင်းဆုမ်မတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။  ထိုင်းနိုင်ငံသား ၃ ဦးအနက် ၂ ဦးမှာ ချွန်းပူးရီးခရိုင်က အရန်ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး အဆိုပါကားကိုတော့ အသိတယောက်ဆီက ငှါးရမ်းခဲ့တာဖြစ်ကြောင်း၊ ဘန်ကောက်ရှိ ရာ့ခ်ျပဆုန်လမ်း နဲ့ အနုဆာ ၀ရီးချိုင်းယဖုမ်းမှာ ပြုလုပ်မယ့် ထိုင်းရွေးကောက်ပွဲကော်မရှင် နုတ်ထွက်ရေးနဲ့ လွှတ်တော်အမတ်မဲအများဆုံးအနိုင်ရသူ အစိုးရဖြစ်ရေး ဆန္ဒပြပွဲ သွားရောက်ပူးပေါင်းဖို့ ဖြစ်တယ်လို့ ဖွင့်ဟ၀န်ခံသွားပါတယ်။ ဘန်ဘကုန်းမြို့နယ်ရဲတပ်ဖွဲ့က သူတို့ ၄ ဦးထံကနေ ရေဒီယိုဆက်သွယယ်ရေး စကားပြော စက် ၂ လုံးပါ သိမ်းဆည်းရမိပြီး ခွင့်ပြုချက်မရှိဘဲ အစိုးရဌာနဆိုင်ရာစာရွက်စာတမ်းများ အသုံးပြုမှု၊ အလွှဲသုံးစားပြုမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး သူတို့ကို ငှားပေးလိုက်တဲ့ ကားပိုင်ရှင်ကို ပါ စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ ပြောပါတယ်။ ကိုးကား - ထိုင်းရတ်သတင်း
2 years Ago
Up