ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်ရှင်ကို

August 23, 2018

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်အားပေးဆရာမ ၂ ဦးနှင့် ဘုန်းကြီး ၁ ပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ပတ္တနီမြို့မှာ ရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို သြဂုတ် ၁၅ ရက်က ရဲတွေဝင်ရောက်စစ်ဆေးပြီး လုပ်အားပေး ဆရာမ  နှစ်ဦးနဲ့ ဘုန်းကြီးတပါးကို ဖမ်းဆီးသွားတယ်လို့ ရတ်ထိုင်းဖောင်ဒေးရှင်းက ပြောပါတယ်။ အဆိုပါ စာသင်ကျောင်းမှာ ရတ်ထိုင်းဖောင်ဒေးရှင်းက ထောက်ပံ့ပေးထားတဲ့ စာသင် ကျောင်းတွေထဲက တကျောင်းဖြစ်ပြီး  ဖမ်းဆီးခံရသူတွေမှာ နေထိုင်ခွင့်အထောက်အထားတွေ ရှိပေမယ့်လည်း လုပ်ငန်းနေရာမမှန်ကန်လို့ အဖမ်းခံရတာလို့ ရတ်ထိုင်းဖောင်ဒေးရှင်း အဖွဲ့ဝင် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “ရတ်ထိုင်းဖောင်ဒေးရှင်းရဲ့ သီးသန့်ကျောင်းတော့ မဟုတ်ဘူး။ စေတနာ့ ၀န်ထမ်း တွဲဘက် ကျောင်းလေးပေါ့။ အဖမ်းခံရတာ ဆရာမ နှစ်ယောက်နဲ့ ဘုန်းကြီး တပါး၊ အလုပ်နေရာ မတူလို့ ဖမ်းခံထိတာပါ၊ တယောက်က အလုပ်သမားကတ်ရှိတယ်။ တယောက်က ပတ်စပို့ ရှိတယ်။ သူတို့က စေတနာ့ဝန်ထမ်းတွေဆိုတော့ ပြန်လွှတ်ပေးဖို့ ဖောင်ဒေးရှင်းအနေနဲ့ လိုက်လုပ်ပေးတယ်။ ထိုင်းလ၀က ရုံးချုပ်ကို မေတ္တာရပ်ခံတဲ့ စာပို့ထားတယ်။ ဒါပေမယ့် အခုတော့ ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့က လ၀ကရုံးကို ပို့လိုက်ပြီလို့ သိရတယ်။ တရားရုံးတက်၊ အမှုရင်ဆိုင်ပြီးရင် မြန်မာပြည် ပြန်ပို့ခံရမယ့် အနေအထားမှာ ရှိတယ်” ဖမ်းဆီးခံရသူတွေကတော့ မငြိမ်းမိုးမိုးလှိုင် (၂၅ နှစ်)၊ ဒေါ်သန်းသန်းမြိုင် (၄၃ နှစ်)နဲ့   ဘုန်းကြီးတပါး လူနာမည် ထိန်လင်းအောင်တို့ ဖြစ်ပြီး အဆိုပါစာသင်ကျောင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားကလေးငယ် ၈၀ ကျော် ပညာသင်ကြား နေပါတယ်။ ဓာတ်ပုံ-ရဲမင်း
3 years Ago

January 22, 2018

ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်ရှင်ကို ထိုင်းအလုပ်သမားက ပစ်သတ်

ထိုင်းတောင်ပိုင်း တရန်းခရိုင်ထဲမှာ မြန်မာအလုပ်ရှင်ကို ထိုင်းအလုပ်သမားက သေနတ်နဲ့ ပစ်သတ်တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့ ည ၉ နာရီလောက်က ယန်ဒါခေါင်ဆေးရုံကြီးမှာ သေနတ်ဒဏ်ရာနဲ့ လူနာတဦး သေဆုံးသွားကြောင်း ဆေးရုံက အကြောင်းကြားတာကြောင့် သွားရောက် စစ်ဆေးခဲ့တယ်လို့  ယန်ဒါခေါင်နယ်မြေရဲစခန်း တာဝန်ကျဒုရဲမှူး ပရဆစ် ထောင်းန်ဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။ စစ်ဆေးချက်အရ သေဆုံးသူမှာ  အသက် ၃၆ နှစ်ရှိ မောင်မောင်ဦး ခေါ် နိုင်ကြီး ခေါ် ပါတိ ဆိုသူ မြန်မာနိုင်ငံသားတဦး ဖြစ်ပြီး၊ သူဟာ ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျကာ တရန်းခရိုင် ပါလျင်မြို့နယ် လျံဆွမ်ရပ်ကွက်မှာ ရော်ဘာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေတာလို့ ဆိုပါတယ်။ မောင်မောင်ဦးဟာ စတင်းဂန်းသေနတ်နဲ့ အပစ်ခံရတာဖြစ်ပြီး ဘယ်ဘက်နံရိုး၊ ဝမ်းဗိုက်၊ တင်ပါး၊ လက်ဖျံ စတဲ့ နေရာတွေမှာ ကျည်ပေါက်ရာ ၉ ခုထိ ရရှိခဲ့ပါတယ်။ မောင်မောင်ဦးရဲ့ ဇနီးသည် နန်းဖန်နိဖာ ထွက်ဆိုချက်အရ အဲဒီနေ့ကည ၈ နာရီလောက်မှာ သူ့ခင်ပွန်းနဲ့  နိုင်းကျတုရုန်း ခေါ် အဲမ် (ထိုင်းအလုပ်သမား) နဲ့ တခြားသူ အပါအဝင် စုစုပေါင်း ၄ ဦးဟာ အိမ်ရှေ့မှာ စကားဝိုင်းဖွဲ့နေကြောင်း၊ သူမက အိမ်နောက်မှာရှိနေစဉ် သေနတ်သံကြားလို့ ထွက်ကြည့်ရာမှာ ခင်ပွန်းမှာ လဲကျနေပြီး နိုင်းကျတုရုန်းက ထွက်ပြေးသွားကြောင်း၊ သူတို့ဟာ မောင်မောင်ဦးကို ဆေးရုံအမြန်ခေါ်ခဲ့ပေမယ့် လမ်းတဝက်မှာပဲ သေဆုံးသွားကြောင်း၊ ခင်ပွန်းဖြစ်သူမှာ စကားကို တဲ့တိုးပြောတတ်သူဖြစ်လို့ စကားများ ရန်ဖြစ်တာလို့ ဆိုပါတယ်။ မောင်မောင်ဦး သေဆုံးပြီး ၂ နာရီလောက်အကြာ နိုင်းကျတုရုန်းက ဘန့်နောင်အိန့်နယ်မြေ ရဲစခန်းမှာ စတင်းဂန်းတလက်၊ ကျည်ဆန်တတောင့်နဲ့အတူ လာရောက်အဖမ်းခံပြီး မောင်မောင်ဦးကို သူကိုယ်တိုင် ပစ်သတ်ခဲ့ကြောင်း၊ ပစ်သတ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပဲလို့ ဒုရဲမှူးပရဆစ်က ပြောပါတယ်။ (ကိုးကား - ထိုင်းရတ်)
3 years Ago
Up