ထိုင်းကျောင်းသူ

February 4, 2017

အန္တရာယ်ရှိ သေနတ်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည့် ၁၂ နှစ်သမီး ထိုင်းကျောင်းသူ(ရုပ်သံ)

ထိုင်းနိုင်ငံမှ ချစ်စရာကောင်းတဲ့ လီဆာအမည်ရတဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူမိန်းကလေးတဦးဟာ သေနတ်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံး ပြုနိုင်စွမ်းရှိသူပါ။ သူဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နေထိုင်သူတဦးဖြစ်ကာ သူ့အသက် ၉ နှစ်အရွယ်တည်းက သေနတ်တွေနဲ့ ပတ်သက်ပြီး စတင်ထိတွေ့ သင်ယူလာခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရဲတဦးအား သေနတ်တလက်ကို ဖြုတ်ထုတ်တပ်ဆင် ကာ ထိန်းသိမ်းပြီး ကိုင်တွယ်သရုပ်ပြခဲ့တာကို တွေ့ရမှာပါ။ သူဟာ ကျွမ်းကျင်သူတဦးလို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ပြနေခဲ့ချိန်မှာ ကြည့်ရှုနေ သူတွေက အံ့အားတသင့်နဲ့ ကြည့်နေခဲ့ကြတာပါ။ လီဆာဟာ ချင်းမိုင်မြို့၊ ဖိုဖန်ဆိုဖွန်အလယ်တန်းကျောင်းမှဖြစ်ကာ ဖခင်ဖြစ်သူက တော့ ကျွမ်းကျင်တဲ့ လက်နက်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ ချင်းမိုင်ရဲဝန်ထမ်းတဦးဖြစ်တဲ့ ဒမ်မရွန် ဆိုင်အင်ဒုံဒီက “ကျနော်တောင် ရဲဝန်ထမ်း တယောက်ဖြစ်နေပေမယ့်  သူလုပ်နိုင်သလောက်မလုပ်နိုင်ပါဘူး။ သူဟာ တကယ့်ကို ထူးချွန်သူ တယောက်ပဲမဟုတ်လား”လို့ ပြောလိုက်တာပါ။ လီဆာက “အဖေက ပြောပါတယ်။ ကျမဟာ ခြောက်လုံးပြုးသေနတ်၊ အနီးပစ် သေနတ်တွေကအစ စစ်ပွဲတွေမှာ အသုံးပြုတဲ့ အမ်-၁၆တွေ၊ ရိုင်ဖယ်သေနတ်တွေထိ ခုလိုလုပ်နိုင်နေပြီလို့ ပြောတယ်”လို့ ဆိုပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူ အသက် ၅၁ နှစ်အရွယ် ပရာဂျာ ၀ါဆူဝပ်ဟာ အရင်တုန်းက တော့ တည်းခိုခန်းပိုင်ရှင်တဦးဖြစ်ပြီး ၀ါသနာအရ သေနတ်တွေအများကြီးကို စုဆောင်း ပိုင်ဆိုင်ခဲ့သူပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတော့ သူ့ရဲ့ အသက်မွေးမှုကို ပြောင်းလဲချင် ခဲ့ပြီး နောက်ပိုင်းမှာတော့ သေနတ်ထိန်းသိမ်းပြုပြင်ရေးသမားတဦးအဖြစ်လုပ်ကိုင်ဖို့ ပြောင်းလဲခဲ့တာလို့ ပြောပါတယ်။ လက်ရှိမှာတော့ သူဟာ ချင်းမိုင်မြို့မှ ရဲစခန်းတွေအနှံ့ သေနတ်တွေကို သန့်ရှင်း ထိန်းသိမ်းဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကို လုပ်ကိုင်နေတာပါ။ သူက သမီးဖြစ်သူကို သေနတ်တွေရဲ့ အန္တရာယ်များမှုကို သင်ကြားပေးခဲ့ပြီး သေနတ်တွေကို ဘယ်လိုအန္တရာယ်ကင်းအောင် ထိန်းသိမ်းကိုင်တွယ်ရမယ်ဆိုတာကို လည်း သင်ကြားပေးနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up