ထိုင်းကျောင်းသားကျောင်းသူလေးတွေ ကိုယ်တိုင်ရောင်းချတဲ့ ဈေးရောင်းပွဲတော်

March 14, 2019

ထိုင်းကျောင်းသားကျောင်းသူလေးတွေ ကိုယ်တိုင်ရောင်းချတဲ့ ဈေးရောင်းပွဲတော်

ထိုင်းနိုင်ငံက ကျောင်းသားကျောင်းသူလေးတွေ ကိုယ်တိုင်ရောင်းချတဲ့ ဈေးရောင်းပွဲတော် မြင်ကွင်းကို ဆရာမတယောက်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံတွေ တင်ထားပြီး လူတော်တော်များများက သဘောကျအားပေးနေကြပါတယ်။ ဒီကျောင်းကတော့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က သူငယ်တန်းကျောင်းလေး ဖြစ်ပြီး ဒီလို ဈေးရောင်းပွဲမျိုးကို တနှစ်မှာ ၂ ကြိမ်လုပ်တယ်လို့ ဆိုပါတယ်။ ကလေးတွေကိုယ်တိုင် အသီးအနှံ၊ စားသောက်စရာတွေကို ရောင်းကြသလို သုံးပြီးသား ကစားစရာလေးတွေ၊ အရုပ်လေးတွေ၊အဝတ်အထည်နဲ့ဖိနပ် စတာတွေကိုလည်း ရောင်းကြသေးတယ်လို့ ဆိုပါတယ်။
3 years Ago
Up