ထိုင်းအမျိုးသားသီချင်း သီဆိုပြသည့် အမေရိကန်က တောင်းရမ်းစားသူရုပ်သံ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ (ရုပ်သံ)

October 23, 2016

ထိုင်းအမျိုးသားသီချင်း သီဆိုပြသည့် အမေရိကန်က တောင်းရမ်းစားသူရုပ်သံ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ထိုင်းအမျိုးသားသီချင်း သီဆိုပြခဲ့တဲ့ တောင်းရမ်းစားသောက်သူ တဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မာလီဆူသစ်ပရီယာနွန် အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ အမျိုးသမီး တဦးက မျှဝေခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး သူက အလုပ်သွားချိန်မှာ တွေ့ကြုံခဲ့ရတာလို့ ထိုင်းအခြေစိုက် Tnamcot သတင်းမှာ ဖော်ပြပါတယ်။ မာလီဆူသစ်ပရီယာနွန်ဟာ အလုပ်သွားချိန် မြေအောက်ရထားဘူတာရုံတခုအနီးမှာ ထိုင်းအမျိုးသားသီချင်းသံ ကြားရလို့ ရပ်နားထောင်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ သိချင်စိတ် ဖြစ်လာခဲ့ပြီး အဆိုပါ တောင်းရမ်းစားသောက်သူ အမျိုးသားကို သွားရောက်တွေ့ဆုံခဲ့တာပါ။ သူက ဘာကြောင့် ဒီသီချင်းကို ဆိုရသလဲလို့ မေးခဲ့ချိန်မှာ အဲဒီအမျိုးသားက ဒီအချိန်ဟာ ထိုင်းနိုင်ငံသားတွေအတွက် ဝမ်းနည်းပူဆွေးနေရချိန်ဖြစ်လို့ သူ့အနေနဲ့ လေးစားမှုနဲ့ ခုလို သီဆိုခဲ့တာလို့ ပြောခဲ့တာပါ။ မာလီ ဆူသစ်ပရီယာနွန်ဟာ သူ့ကို နောက်တကြိမ် သီချင်းထပ်ဆိုခိုင်းပြီး ရုပ်သံ ဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ သူ့ရဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ထိုင်းအမျိုးသားရုပ်သံသတင်းတွေအထိ စိတ်ဝင်တစားနဲ့ ဖော်ပြခဲ့ကြတာလို့ သတင်းက ဆိုပါတယ်။
5 years Ago
Up