ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ အစိုးရအဖွဲ့ ဝန်ကြီး ၃၅ ယောက်နဲ့အတူ စည်းမျဉ်းခံ ဘုရင်စနစ်အပေါ် သစ္စာခံဖို့ ဒူးဇစ်နန်းတော်အတွင်း ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်ရဲ့ ရှေ့မှောက်မှာ ဇူလိုင် ၁၆ ရက်က ကတိပြု ကျမ်းကျိန်ဆိုခဲ့ကြပါတယ်။
၂၀၁၄ စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်းနဲ့ ရွေးကောက်ခံဝန်ကြီးချုပ် ပရာယွတ်ဟာ နိုင်ငံအတွင်း ၅ နှစ်ကျော်ကြာ စစ်အုပ်ချုပ်ရေး အဆုံးသတ်ကြောင်း ဇူလိုင် ၁၅ ရက်က ကြေညာခဲ့ပါတယ်။
တိုင်းပြည်ဟာ ပုံမှန် ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လည်ပတ်ရပ်တည်မယ်လို့လည်း သူက ပြောပါတယ်။
၂၀၁၄ အာဏာသိမ်းချိန်က ၆ လကျော်ကြာ လမ်းပေါ် ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နေပြီး တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု ပြန်ဖြစ်ထွန်းရေးအတွက် အာဏာသိမ်းဖို့ လိုအပ်တယ်၊ မတ်လ ရွေးကောက်ပွဲအပြီး ကိစ္စတွေ ပုံမှန်ပြန်ဖြစ်နေပြီလို့ ပရာယွတ်က တနင်္လာနေ့မှာ ပြောပါတယ်။
စနစ်တခုအောက်မှာ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်နဲ့ စစ်တပ်ကို လိုလားတဲ့ အမတ်တွေက ရွေးကောက်တင်မြှောက်လို့ ပရာယွ ဝန်ကြီးချုပ် ဆက်ဖြစ်နေတာ မတရားဘူးလို့ အတိုက်အခံတွေက ပြောပါတယ်။
ရှည်လျား ရှုပ်ထွေးတဲ့ အငြင်းအခုန်တွေကြောင့် ပရာယွတ်ဟာ အစိုးရဖွဲ့ဖို့ ရက်တရာကျော် အချိန်ယူခဲ့ရပါတယ်။
2 years Ago