ထိုင်းအစိုးရ

March 21, 2017

အွန်လိုင်းပေါ် ဈေးရောင်းလျှင် ဈေးနှုန်းနှင့် ဝန်ဆောင်မှုများ တိကျစွာဖော်ပြရန် ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းနိုင်ငံ အချုပ်အခြာတွင်း နေထိုင်သူတွေအနေနဲ့ အွန်လိုင်းပေါ်ကနေ ဈေးရောင်းမယ်ဆိုရင် မိမိရောင်းချတဲ့ ကုန်ပစ္စည်းရဲ့ အသေးစိတ်အချက်အလက် ဈေးနှုန်းနဲ့ ဝန်ဆောင်ခတွေ တိတိကျကျ ဖော်ပြဖို့ ထိုင်းအစိုးရက ထုတ်ပြန်ကြောင်း မတ်လ ၂၀ ရက်နေ့ထုတ် အမ်ထိုင်းသတင်းမှာ ဖေိာပြပါတယ်။ အွန်လိုင်းကနေ ဈေးဝယ်မယ်ဆိုရင် ကိုယ်လိုအပ်တဲ့ပစ္စည်းကို  သေချာရွေးချယ် မှာယူနိုင်ဖို့အတွက် ကုန်ဈေးနှုန်းနဲ့ ဝန်ဆောင်မှုဆိုင်ရာ ကော်မတီက စာအမှတ် ၄၄/၂၀၁၇ နဲ့  ဒီနှစ်ဆန်းပိုင်းမှာ အတည်ပြုခဲ့တာလို့ အစိုးရပြန်တမ်းကို ကိုးကားဖော်ပြထားပါတယ်။ အဲဒီပြဋ္ဌာန်းချက်ထဲမှာ အီလက်ထရောနစ် အသုံးပြုပြီး အွန်လိုင်းကနေ ဈေးရောင်းသူတွေအနေနဲ့ မိမိရောင်းချမယ့် ကုန်ပစ္စည်းအမျိုးအစား၊ ပုံစံ၊ အရွယ်အစား၊ အလေးချိန်၊ အသုံးဝင်ပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်ခ စတာတွေကို တိတိကျကျ ဖော်ပြရမယ်လို့ ဆိုပါတယ်။ အဲဒီဖော်ပြချက်တွေကို အဓိက ထိုင်းဘာသာနဲ့ ဖော်ပြရမှာဖြစ်ပြီး တခြားဘာသာစကားတွေလည်း တွဲဖက်ဖော်ပြနိုင်ကြောင်း၊ ကုန်ပစ္စည်းအကြောင်း ရှင်းပြရာမှာ နားလည်ရ လွယ်ကူရှင်းလင်းတဲ့ ဝေါဟာရ အသုံးအနှုန်းကိုသာ အသုံးပြုပြီး ဈေးနှုန်း၊ ဝန်ဆောင်ခ ကိန်းဂဏန်းတွေကိုလည်း ကမ္ဘာသုံး အင်္ဂလိပ်နံပါတ်နဲ့ ဖော်ပြရမယ်လို့ ထုတ်ပြန်ထားပါတယ်။
5 years Ago
Up