ထိုင်းရှိ စည်သွတ်ငါးဘူး တံဆိပ် ၁၄ မျိုး အဆင့်မမီ

A d v e r t i s e m e n t With Us

September 30, 2015

ထိုင်းရှိ စည်သွတ်ငါးဘူး တံဆိပ် ၁၄ မျိုး အဆင့်မမီ

ထိုင်းဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ စည်သွတ်ငါးဘူး တံဆိပ် ၁၄ မျိုးဟာ အခြေခံစံနှုန်းကို ပြည့်မီခြင်းမရှိဘူးလို့ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အရှေ့တောင်အာရှ ဂရင်းပီစ် (ဂျီအက်စ်အေ) က စည်သွတ်ဘူး ကုမ္ပဏီ ၁၄ ခုကို လေ့လာခဲ့ပြီး စည်သွတ်ဘူးတွေထဲက ငါးတွေဘယ်ကဖမ်းလာတယ်၊ ငါးဖမ်းနည်းလမ်း၊ ပွင့်လင်းမြင်သာမှု စတာတွေကစ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ မပြည့်မီဘူးလို့ ထိုင်းဘန်ကောက်ပိုစ်သတင်းမှာ ဖော်ပြပါတယ်။ စည်သွတ်ဘူး ကုမ္ပဏီတွေကို ဂျီအက်စ်အေက မေးခွန်းတွေပို့ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းမှာ စည်သွတ်ဘူး စက်ရုံ ၅၀ အနက်က ကုမ္ပဏီ ၁၄ ခုကို မေးခွန်းတွေပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဖြေဆိုဖို့ ငြင်းဆန်တဲ့ ကုမ္ပဏီ ၄ ခုကိုတော့ အလိုအလျောက် အဆင်မမီဘူးလို့ သတ်မှတ်ခဲ့သလို ကုမ္ပဏီ ၁၀ ခုပဲ အဖြေတွေကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ကုန်တွေ လုပ်တဲ့ ကုမ္ပဏီအများစုက ငါးတွေ ဘယ်ကနေ လာတယ်၊ ငါးဖမ်းလုပ်သားတွေရဲ့ လုံခြုံမှုတွေအကြောင်း ပြောပြနိုင်ဖို့ လုံလောက်တဲ့ ဆောင်ရွက်ချက်တွေ မရှိဘူးလို့ ထုတ်ပြန်ချက်က ပြောပါတယ်။ ဘူးတွေထဲမှာ ဘာတွေပါသလဲဆိုတာကို စားသုံးသူတွေ သိသင့်တယ်လို့ ဂရင်းပိစ်က ပြောပါတယ်။
5 years Ago
Up