ထိုင်းရဲအရာရှိ

June 24, 2018

၃ မီတာရှည် မြွေကြီးကို မကြောက်မလန့် ဖမ်းဆီးခဲ့သည့် ထိုင်းရဲအရာရှိ (ရုပ်သံ)

၃ မီတာရှည်တဲ့ စပါးအုံးမြွေကြီးတကောင်ကို လက်ဗလာနဲ့ ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦးဟာ ထိုင်းမီဒီယာတွေနဲ့ အင်တာနက်အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတယ်လို့ pattayaone သတင်းကဖော်ပြပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဝင်က မြွေကြီးကို ဖမ်းဆီးလိုက်တဲ့ ဗွီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေဟာလည်း အခုချိန်မှာ တော်တော်လေးကို ပျံ့နှံ့နေပါပြီ။ အိမ်အနောက်ဘက်ကို ရောက်ရှိလာပြီး အိမ်မွေးကြက်တွေကို လာရောက်စားသောက်နေတဲ့ မြွေကြီးကို ထိုင်းဒေသခံတဦးက ပထမဆုံးမြင်တွေ့ခဲ့တာဖြစ်ပြီး သူက အနီးစပ်ဆုံးဖြစ်တဲ့ နပ်ဟွန်ချန်း ရဲဌာနကို ဒအကူအညီတောင်းခံခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာကို ရောက်ရှိသွားတဲ့အချိန်မှာ ဒေသခံရဲ့ အိမ်အနောက်ဘက်မှာ သုံးမီတာ (၂ဝ ကီလိုမီတာ) အလေးချိန်ရှိတဲ မြွေကြီးကို မြင်တွေ့ခဲ့ရပါတယ်။ ဒီမြွေကြီးကို ရဲတပ်ဖွဲ့ရဲ့ ကပ္ပတိန်တဦးဖြစ်တဲ့ မင်းဆိုသူက လက်ဗလာနဲ့ စတင်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးနေတဲ့ပုံကို အားလုံးက စိတ်ဝင်တစားစောင့်ကြည့် မှတ်တမ်းတင်ခဲ့ကြပါတယ်။ ကပ္ပတိန်မင်းက ရဲဝံ့စွာနဲ့ပဲ မြွေကြီးရဲ့ခေါင်းကိုကိုင်ကာ ဖမ်းဆီးခဲ့ပြီး မြွေကို အဆိုပါဧရိယာကနေ ကျွမ်းကျွမ်းကျင်ကျင် ဖယ်ရှားခဲ့တာကို ဗွီဒီယိုဖိုင်မှာပါ မြင်တွေ့ရပါတယ်။ မြွေကြီးကို ရဲဝံ့စွာ ဖမ်းဆီးဖယ်ရှားခဲ့တဲ့ ကပ္ပတိန်မင်းဟာ သူ့ရဲ့ရဲရင့်မှုကြောင့် ထိုင်းနိုင်ငံမှာအထူးထင် ရှားသူဖြစ်ပါတယ်။ သူရဲ့ရဲဝင့်မှု၊ ယုံကြည်နိုင်စရာ စိတ်နေစိတ်ထား တွေကြောင့် ကပ္ပတိန်မင်းဟာ ခရိုင်ခွဲနှစ်ခုကို တာဝန်ယူထားရသူပါ။
3 years Ago

August 10, 2017

ထိုင်းရဲအရာရှိများနှင့် စည်းချက်ညီညီ ကိုယ်လက်လှုပ်ရှားအက ပြိုင်ကြမလား (ရုပ်သံ)

ရဲအရာရှိတယောက်အဖို့ နေ့စဉ် လှုပ်ရှားရှင်သန်မှုတွေမှာ ကြံ့ခိုင်မှုက အရေးပါသလို တက်ကြွနေဖို့ကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကတော့ ထိုင်းနိုင်ငံက ရဲအရာရှိတွေရဲ့ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်မှု လုပ်နေကြတာတွေကို ရိုက်ကူးထားခဲ့တာပါ။ ဒီလှုပ်ရှားမှုဟာ ပတ္တယားမြို့ ရဲဌာနမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြုလုပ်နေကျ ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ တီနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ပတ္တယားရဲစခန်းမှ အကြီးအကဲတဦးဖြစ်တဲ့ စခန်းမှူး အဖီချိုင် ခရော့ဘ်ပက်ခ်ျဟာ သူ့ရဲ့ဝန်ထမ်း ရဲအရာရှိတွေကို ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့ ဂီတသံနဲ့ စည်းချက်ညီညီ လှုပ်ရှားအားကစားပြုလုပ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရဲအရာရှိတွေဟာ ခါး၊ ခြေလက်တွေကို ဂီတသံ စည်းချက်နဲ့အညီ ပြုံးပြုံးရွှင်ရွှင်နဲ့ လှုပ်ရှားလေ့ကျင့်နေခဲ့ကြတာကို တွေ့ရပါတယ်။ အဖီချိုင်က “ရဲတယောက်ဖြစ်လာပြီဆိုရင် ကြံ့ခိုင်မှုက အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်လာပါတယ်။ ခုလို လှုပ်ရှားလေ့ကျင့်တာက သူတို့ရဲ့ နေ့စဉ် ရှင်သန်နေထိုင်မှုမှာ ပိုပြီး ထိရောက် အကျိုးများလာမှာပါ” လို့ ပြောပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့ညနေ ၄း၃၀ နာရီတိုင်း ရဲအရာရှိတွေဟာ ပတ္တယားကမ်းခြေ လမ်းမပေါ်က ရဲစခန်းတွင်း ကားရပ်နားတဲ့နေရာမှာ ခုလို လှုပ်ရှားမှု လုပ်နေကြတာပါ။ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း အစိုးရဌာနဆိုင်ရာ ကာကွယ်ရေးဝန်ထမ်းတွေကို ကြံ့ခိုင်မှုရှိစေရေးအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
4 years Ago
More News
Up