ထိုင်းဘုရင်မင်းမြတ် မွေးနေ့အထိမ်းအမှတ် လိပ်ကောင်ရေတထောင်ကျော် ပင်လယ်ထဲလွှတ်

July 26, 2017

ထိုင်းဘုရင်မင်းမြတ် မွေးနေ့အထိမ်းအမှတ် လိပ်ကောင်ရေတထောင်ကျော် ပင်လယ်ထဲလွှတ်

ထိုင်းဘုရင်မင်းမြတ်အသစ် မဟာဗာဂျီရာလောင်ကွန်းရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် လိပ်ကောင်ရေ တထောင်ကျော်ကို ဇူလိုင် ၂၆ ရက်နေ့က ပင်လယ်ထဲ စေလွှတ်ခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့ သက်တော် ၆၅ နှစ်ပြည့်မှာဖြစ်တဲ့ ထိုင်းဘုရင်သစ်ရဲ့ မွေးနေ့ကို ရည်စူးပြီး အခုပွဲ ကျင်းပတာဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ အရှေ့တောင်ဘက် ၄၇ မိုင်အကွာမှာရှိတဲ့ ချောင်ဘူရီ သားရဲတိရစ္ဆာန် ထိန်းသိမ်းရေးစင်တာက လိပ် ၁,၀၆၆ ကောင်ကို ပင်လယ်ထဲ လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ကိန်းဂဏန်း ၁,၀၆၆ မှာ နံပါတ် ၁၀ က ဆယ်ပါးမြောက် ရာမဘုရင်ကို ရည်ညွှန်းတာဖြစ်ပြီး ၆၆ ကတော့ လက်ရှိဘုရင် မဟာဗာဂျီရာလောင်ကွန်းရဲ့ သက်တော်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေက လိပ်ကို အသက်ရှည်ခြင်းရဲ့ အမှတ်အသားအဖြစ် ယုံကြည်ကြပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ သတ္တဝါတွေကို လွှတ်ပေးတာဟာ ကံကောင်းစေတယ်လို့ ထိုင်းဗုဒ္ဓဘာသာဝင်ေ်တွက ယုံကြည်ကြတာပါ။ အခုပွဲတော်ကို ထိုင်းတော်ဝင်ရေတပ်၊ နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ထိုင်းဘုရင်သစ်ရဲ့ မွေးနေ့ ဇူလိုင် ၂၈ ရက်နေ့မှာတော့ ဘန်ကောက်ရင်ပြင်မှာ သံဃာတော် အပါး ၆၀၀ ကျော်ကို အလှူအတန်း ပြုလုပ်သွားမှာဖြစ်ပြီး တနိုင်ငံလုံးက ဘုရားပုထိုးတွေမှာလည်း မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပသွားဖို့ ရှိပါတယ်။
4 years Ago
Up