ထိုင်းဘုရင်နန်းဆက်ကို

January 18, 2018

ထိုင်းဘုရင်နန်းဆက်ကို စော်ကားမှုဖြင့် တရားစွဲခံရသည့် ဖူလာစီဝါရာဆာ၏အမှု ပယ်ဖျက်ပေး

ထိုင်းဘုရင့်နန်းဆက်ကို  ပုတ်ခတ်စော်ကားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ထိုင်း NGO အဖွဲ့အစည်းတခုက ဒါရိုက်တာ ဖူလာစီဝါရာဆာရဲ့ အမှုကို ထိုင်းစစ်ခုံရုံးက ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ပယ်ဖျက်ပေးလိုက်ပါတယ်။ ဆူလတ်ခ် စီဝါလပ်စာဟာ ၁၇ ရာစုနှစ်က ဆင်နဲ့စီးချင်းထိုးတဲ့ တိုက်ပွဲတခုရဲ့ သမိုင်းဖြစ်ရပ်မှန်ကို မေးခွန်းထုတ်ခဲ့လို့ ထိုင်းဘုရင်နန်းဆက်ကို စော်ကားတယ်ဆိုပြီး တရားစွဲခံခဲ့ရတာပါ။ ထိုင်းနိုင်ငံမှာ ဘုရင့်နန်းဆက်ကို တိုက်ခိုက် စော်ကားခြိမ်းခြောက်တဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။ “လူတွေက လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရရှိဖို့ အတွေးအမြင်ကို ထုတ်ပြောချင်ရင် အဖမ်းခံရမှာပဲ” လို့ တရားရုံးရဲ့ ကြားနာစစ်ဆေးမှုအပြီးမှာ စီဝါလပ်စာ ကပြောပါတယ်။ တရားစွဲဆိုချက်ကို ပယ်ဖျက်ပေးဖို့ သူဟာ ဘုရင် မဟာဝဂျီရာလောင်ကွန်ဆီမှာ အယူခံဝင်ခဲ့ပြီး အခုလို အမှုပယ်ဖျက်ပေးလို့ ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ထိုင်းစစ်အစိုးရဟာ ဘုရင့်နန်းဆက်ကို ထိပါးစော်ကားတဲ့ဥပဒေကို  ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့တာပါ။ အထူးသဖြင့် ၂၀၁၆ ခုနှစ် ထိုင်းဘုရင်လောင်ကွန် ထီးနန်းဆက်ခံပြီးနောက်မှာ ဒီဥပဒေကို သုံးတာ ပိုများခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
3 years Ago
Up