ထိုင်းဖိုက်တာ

October 5, 2018

ကယန်းတိုင်းရင်းသူအန်တိုနီယာကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမည်ဟု ထိုင်းဖိုက်တာ ရီကာ ပြော

အိမ်ကွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ရပေမယ့် မြန်မာအမျိုးသမီးဖိုက်တာ အန်တိုနီယာဟာ သန်မာတဲ့ပြိုင်ဘက်ဖြစ်လို့ ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ရှိတယ်လို့ ထိုင်းဖိုက်တာ ရီကာက ပြိုင်ပွဲ ကျင်းပဖို့ ၂ ရက်အလိုမှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အနိုင်ရရှိဖို့ ရာနှုန်းပြည့် ယုံကြည်မှုရှိနေပြီး အန်တိုနီယာကို မထင်မှတ်တဲ့ ပုံစံနဲ့ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ အတွေ့အကြုံပိုင်းနဲ့ အဘက်ဘက်က သာလွန်နေတဲ့ ရီကာကို ရင်ဆိုင်ဖို့  ကယန်းတိုင်းရင်းသူ အန်တိုနီယာ အနေနဲ့ အခက်အခဲတွေရှိနိုင်ပါတယ်။ ဒါပေမယ့်  One Championship အမျိုးသမီးပြိုင်ပွဲ သမိုင်းတလျောက် ၂၄ စက္ကန့်နဲ့ အလျင်မြန်ဆုံး အလဲထိုးစံချိန်ရရှိထားတဲ့ အန်တိုနီယာအတွက်ကတော့ မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ လက်ရှိ One Championshipပြိုင်ပွဲမှာ အောင်လအန်ဆန်းကတော့ ဝိတ်တန်း ၂ခုမှာ ကမ္ဘာ့ချန်ပီယံဘွဲ့ ရထားသလို၊ ဖိုးသော်ကလည်း အလဲထိုးနိုင်ပွဲတွေနဲ့ နာမည်ကြီး ကစားသမားဖြစ်လာခဲ့ပါတယ်။ အခုကယန်းတိုင်းရင်းသူအန်တိုနီယာအပြင် သံမဏိစိုးကြီးလို့ နာမည်ကြီးတဲ့ စိုးလင်းဦး ဟာလည်း MMA ဘက်ကို ပြောင်းရွှေ့လာမယ့် အခြေအနေတွေမှာ ရှိနေပါတယ်။
3 years Ago
Up