ထိုင်းတွင် နိုင်ငံရေးအကြမ်းဖက်မှုကာလ

A d v e r t i s e m e n t With Us

February 15, 2016

ထိုင်းတွင် နိုင်ငံရေးအကြမ်းဖက်မှုကာလ ထိခိုက်သူများလျော်ကြေးပေးမည်

ထိုင်းနိုင်ငံ လူမှုဖူလုံရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနက ၂၀၁၃-၁၄ ခုနှစ်က ဖြစ်ပွားတဲ့ နိုင်ငံရေးအကြမ်းဖက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရခဲ့ကြသူတွေကို လျော်ကြေးငွေပေးအပ်ဖို့ စီစဉ်နေပါတယ်။ ဒီဖြစ်စဉ်မှာ လူ ၂၈ ဦး သေဆုံးခဲ့ပြီး ၈၄၀ ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုဖွံ့ဖြိုးရေးနှင့် လူမှုဖူလုံရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် Mrs Kwanwong Pikulthong က ပြောဆိုချက်ကို ဒီနေ့ ထိုင်း PBS သတင်းမှာ ရေးပါတယ်။ သေဆုံးသူအတွက် လျော်ကြေး ဘတ်ငွေ ၄ သိန်း၊ မသန်မစွမ်းဖြစ်သူအတွက် ဘတ်ငွေ ၂ သိန်း၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသူအတွက် ဘတ်ငွေ ၁ သိန်း၊ ဒဏ်ရာရသူအတွက် ဘတ် ၆ သောင်း၊ အနည်းငယ်ဒဏ်ရာရသူအတွက် ဘတ် ၂ သောင်းကို မိသားစုဝင်တွေက ရရှိမယ်လို့ သူကပြောပါတယ်။ မိသားစုဝင်တွေဟာ လာမယ့်ဖေဖော်ဝါရီ ၁၇ ရက်နေ့ကျရင် ဘန်ကောက်မြို့က လူမှုဖွံ့ဖြိုးနှင့် လူမှုဖူလုံရေးဦးစီးဌာနနဲ့ ခရိုင်ရုံးတွေမှာ လျော်ကြေးမှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ လျောက်ထားချက်တွေကို စစ်ဆေးပြီး ဘတ်ဂျက်ဌာနက အတည်ပြုချက်ရတဲ့အခါ လာမယ့် ဧပြီလကုန်ပိုင်းလောက်မှာ လျော်ကြေးစတင်ပေးအပ်နိုင်မယ်လို့ သူကပြောပါတယ်။ ဒီမိုကရက်တစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဆူထစ်သဆူဘမ်ရဲ့ ခေါင်း ဆောင်မှုအောက်မှာ ၀န်ကြီးချုပ်ဟောင်း မစ္စစ် ယင်လတ်ရှင်နာဝါထရာအစိုးရကို ဆန့်ကျင်တဲ့ ၂၀၁၄ ဆန္ဒပြပွဲကာလအတွင်း နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
5 years Ago
Up