ထိုင်းတွင် ဗြိတိန် ၃ ဦးကို ထိုးကြိတ်သည့်ရုပ်သံ ထွက်ပေါ်

A d v e r t i s e m e n t With Us

April 29, 2016

ထိုင်းတွင် ဗြိတိန် ၃ ဦးကို ထိုးကြိတ်သည့်ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

ထိုင်းနိုင်ငံ ဟွာဟင်မှာ သင်္ကြန်ပွဲတော်အတွင်း သက်ကြီးရွယ်အို ဗြိတိန်မိသားစုဝင် ၃ ဦးကို မူးနေတဲ့ ထိုင်းတွေက သတိမေ့တဲ့အထိ ထိုးကြိတ် ကန်ကျောက်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာပါတယ်။ ဧပြီ ၁၄ ရက် မနက် ၂ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို လုံခြုံရေး ကင်မရာကနေ ရိုက်ကူးထားပြီး နိုင်ငံခြားသားတွေကို သနားညှာတာမှုကင်းစွာ တိုက်ခိုက် ထိုးနှက်နေတာကို ရိုက်ကူးထားပါတယ်။ စကော့တလန်ကလို့ ယုံကြည်ရတဲ့ အသက် ၆၈ နှစ်အရွယ် ဖခင်၊ အသက် ၆၅ နှစ်ရှိ မိခင်နဲ့ ၄၃ နှစ်အရွယ် သားဖြစ်သူတို့ကို ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။ ဘားကနေထွက်လာတဲ့ ဗြိတိန် ၃ ဦးထဲက တယောက်နဲ့ ထိုင်းတယောက်တို့ ပုခုံးချင်း တိုက်မိရာကနေ စတင်ပြီး ထိုင်းလူငယ်ဂိုဏ်းတွေက ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။ လဲကျသွားတဲ့သူတွေကိုလည်း ထိုင်းတွေက ကန်ကျောက်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ၃ ဦးလုံး သတိမေ့သွားခဲ့ပါတယ်။ အစောပိုင်းကတည်းက ထိုင်းလူငယ်တွေက နိုင်ငံခြားသားတွေကို တိုက်ခိုက်ဖို့ ဆွေးနွေးနေကြောင်း ထိုင်းရည်းစားရှိတဲ့ နိုင်ငံခြားသားတဦးက ပြောတယ်လို့ ဆိုပါတယ်။ ဗွီဒီယို အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ ၃ ဦးကို ဧပြီ ၁၆ ရက်က ဖမ်းဆီးခဲ့ပြီးဖြစ်သလို တဦး လွတ်မြောက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။ တိုက်ခိုက်မှုနဲ့ ဖမ်းဆီးထားပြီး အာမခံနဲ့ လွှတ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ ဟွာအင်းဟာ မိသားစုတွေ အနားယူတဲ့မြို့တခုအဖြစ် လူလတ်တန်းစားနဲ့ နိုင်ငံခြားသားတွေ အကြားမှာ ထင်ရှားပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတ၀န်းက ဒေသခံ အရက်ဆိုင်တွေမှာ နိုင်ငံခြားသားတွေကို တိုက်ခိုက်မှုတွေ ပိုမိုများပြားလာနေပါတယ်။
5 years Ago
Up