ထိုင်းတွင် ဘောလုံးပွဲကြောင့် ခိုက်ရန်ဖြစ်ပွား၊ လူ ၂၀ ကျော် ဒဏ်ရာရ

A d v e r t i s e m e n t With Us

September 15, 2016

ထိုင်းတွင် ဘောလုံးပွဲကြောင့် ခိုက်ရန်ဖြစ်ပွား၊ လူ ၂၀ ကျော် ဒဏ်ရာရ (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင် ပတ်ကလစ်မြို့နယ် ဘန်ဖွတ်ရပ်ကွက်  မိုင်းထောင်းဌာနီ ဘောလုံးကွင်း အနောက်ဘက်မှာ ဘောလုံးပွဲကြောင့် ခိုက်ရန်ဖြစ်ပွားပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၁၄ ရက် ညက SCG မိုင်းထောင်းဌာနီအသင်းနဲ့ လှေဆိပ်အသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ နှစ်သင်းလုံး ၁ ဂိုးစီနဲ့ သရေကျပြီး ပွဲသိမ်းပြီးလို့အပြန် နှစ်ဘက် အားပေးသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိ လုံခြုံရေးရဲဘက်က သတင်းထောက်တွေကို ပြောပါတယ်။ ရန်ဖြစ်သူတွေဟာ ပုလင်းခွံတွေ၊ တုတ်တွေနဲ့ လှမ်းပြီး ပစ်ပေါက်ကြတာကြောင့် ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး ၉ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာကို စစ်တပ်၊ ရဲနဲ့ လုံခြုံရေးဝန်ထမ်းတွေပါ အင်အား ၅၀၀ လောက်က လူနာတင်ယာဉ်အစီး ၂၀ နဲ့ ရောက်လာပြီး မီးသတ်ကား ၃ စီးနဲ့ ရေပက် ဖြိုခွင်းခဲ့ရကာ အချိန် ၃ နာရီကြာမှ နယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
4 years Ago
Up