ထိုင်းတွင် ဝန်ထမ်းမဲ့ အလိုအလျောက် ဘဏ်ဝန်ဆောင်စနစ် စတင်

January 30, 2018

ထိုင်းတွင် ဝန်ထမ်းမဲ့ အလိုအလျောက် ဘဏ်ဝန်ဆောင်စနစ် စတင်

ထိုင်းနိုင်ငံမှာ ဝန်ထမ်းမရှိဘဲ စက်နဲ့သာ ၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်မယ့် အလိုအလျောက် ဘဏ်အသုံးပြုမှုစနစ်ကို ၂၀၁၈ နှစ်ဆန်းပိုင်းမှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။ DigiThai Life Solution by GSB လို့ခေါ်တဲ့ ဒီဘဏ်စနစ်မှာ အရင်ရှိပြီးသား အလိုအလျောက် ငွေထုတ်ငွေသွင်း ငွေလွှဲလို့ရတဲ့ အေတီအမ်တွေအပြင် ထပ်ပြီးတိုးလာတာကတော့ ဝီတီအမ်လို့ခေါ်တဲ့ ဘဏ်စာအုပ်အသစ်ပြုလုပ်ခြင်း၊ ဘဏ်ငွေစာရင်းဖွင့်ခြင်းတွေ ပြုလုပ်နိုင်တဲ့စက်ပါ တပ်ဆင်ထားရှိပါတယ်။ ဘဏ်စာရင်းဖွင့်လိုသူတွေဟာ စက်က ဗွီဒီယိုမှာ ပေါ်လာတဲ့ အလှည့်ကျဝန်ထမ်းနဲ့အတူ ဆက်သွယ်စကားပြောရမှာ ဖြစ်ပါတယ်။ အဲဒီဝန်ထမ်းဟာ ရုံးထဲမှာရှိမနေဘဲ ဗဟိုဘဏ်ကနေ တိုက်ရိုက်ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ နောက်ထူးခြားမှုတခုကတော့ ဘဏ်ဖွင့်ချိန်ပိတ်ချိန်မရှိဘဲ ၂၄ နာရီ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ ဒီစနစ်ကို စတင်ဖွင့်လှစ် ဝန်ဆောင်မှုပေးတဲ့ဘဏ်ကတော့ စုဘူးလို့ အဓိပ္ပာယ်ရတဲ့ အွမ်းဆင်ဘဏ် (Savings Bank-SB) ဖြစ်ပြီး ဘန်ကောက် ဖလွမ့်ဖုန်းဘဏ်ခွဲ၊ ပင်ကော့ဝ်စင်ထရယ်ပလာဇာဘဏ်ခွဲ၊ မေဂျာရန်းဆစ်ဘဏ်ခွဲ၊ မိုင်းထောင်းဌာနီမှ လုမ့်ကျိုင်ဈေးကြီးနဲ့  ချင်းမိုင် ဟွေ့ကယောက်လမ်းရှိ စီဘီဘဏ်စင်တာ စတဲ့ နေရာ ၅ ခုမှာ ဦးစွာ ဖွင့်လှစ်ထားရှိတယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up